JAMA လို့ အ တိုကောက်ခေါ်တဲ့ အမေရိကန်ဆေးဘက်ဆိုင်ရာအသင်းကြီးရဲ့ဂျာနယ် မှာဖော်ပြထားချက်အရ…ဆေးရုံတွေမှာ ရောဂါပိုးကူးစက်မှုရှိပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားလူနာတွေကို ကူးစက်မှု ရှိခဲ့ပါသတဲ့။

အဲ့ဒီကစလို့ ချောင်းဆိုးကကူးတာအပြင် ပတ်ဝန်းကျင်က ကူးစက်မှုကိုလည်း လျော့တွက်လို့မရဘူးလို့ ယူဆခဲ့ကြပေမယ့် ဘယ်လိုကူးနိုင်လဲ ဆိုတာသေချာမသိခဲ့ကြပါဘူး။

စင်ကာပူက သုသေသနတစ်ခုကို ပြောပြပါမယ်။ စင်ကာပူက ပညာရှင်တွေဟာ COVID-19 လူနာ ၃ ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ သူတို့ဟာ သီးသန့်အခန်းတွေထဲမှာ ထားတာဖြစ်ပြီး သူတို့အခန်းထဲက ရောဂါပိုးဖြစ်နိုင်တဲ့ နမူနာကို ငါးရက်ကနေ နှစ်ပတ်အကြား ယူခဲ့ပါတယ်။

ပထမတယောက်ဆီက အခန်းသန့်ရှင်းရေး မလုပ်ခင်နဲ့ နောက် ၂ ယောက်ဆီက သန့်ရှင်းရေးလုပ်ပြီးကနေ နမူနာတွေ ယူခဲ့တာ ဖြစ်ပါတယ်။ ရောဂါသိပ်မပြင်းထန်တဲ့ လူနာအခန်းထဲကနေ အခန်းသန့်ရှင်းရေးမလုပ်ခင် နမူနာယူပါတယ်။ သဘောက သူဆီကနေတောင် ပိုးတွေ့ရင် ကျန် ၂ ယောက်ကို ပြောစရာမလိုတော့ဘူး။ ကျန် ၂ ယောက်က အထိုက်အလျှောက်လက္ခဏာပြင်းထန်ပြီး နှစ်ယောက်လုံး အပူရော ချောင်းဆိုးပါရှိတယ်။ တယောက်က အသက်ရှုခက်နေတယ်၊ နောက်တယောက်က ချောင်းဆိုးမှာ သလိပ်ပါတယ်။

ပထမရောဂါလက္ခဏာမပြင်းထန်သူဆီက အခန်းထဲက ၁၅ နေရာကနေ နမူနာယူတာ ၁၃ နေရာမှာ ပိုးတွေ့ပါတယ်တဲ့။ နမူနာယူတဲ့နေရာတွေက ထိုင်ခုံ၊ ကုတင်၊ မှန်တံခါး၊ ကြမ်းပြင်နဲ့ အခန်းမီးခလုတ်တွေ ပါပါတယ်။ အိမ်သာထဲက ၅ နေရာမှာ ၃ နေရာက ပိုးတွေ့ပါတယ်တဲ့။ အိမ်သာအိုး၊ မျက်နှာသစ်ကြွေကန်နဲ့ တံခါးလက်ကိုင်နေရာတွေပါ။ ဒါကြောင့် ဝမ်းကနေကူးနိုင်တယ်ဆိုတဲ့ အချက်အလက်ဟာ ပိုခိုင်မာလာပါတယ်။

အခန်းထဲကလေကို နမူနာယူတာ ပိုးမတွေ့ပါဘူးတဲ့။ ဒါပေမယ့် လေစုပ်ပေါက် air exhaust outlets မှာ ပိုးကိုတွေ့ပါတယ်။ သဘောက ဗိုင်းရပ်စ်ပါတဲ့ အမှုန်တွေက လေနဲ့ပါသွားပြီး လေထွက်ပေါက်မှာ တင်ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်အခန်း ၂ ခန်းက (ပုံမှန်အခန်းသန့်ရှင်းရေး ဝင်အပြီးမှာ) နမူနာယူ စစ်ဆေးပါတယ်။ “ပိုးမတွေ့ပါဘူး”

တွေ့ရှိချက်ကတော့…..

(၁) COVID-19 ရောဂါလူနာကနေ ကိုရိုနာဗိုင်းရပ်စ်ကို ပတ်ဝန်းကျင်ထဲပြန့်နိုင်တာ သိသာထင်ရှားပါတယ်။

(၂) ပြန့်တာဟာ အသက်ရှုလမ်းကြောင်းက အမှုန်တွေနဲ့ ဝမ်းကနေ ပိုးပါတာဖြစ်ပါတယ်။

(၃) ပတ်ဝန်းကျင်ဟာ ကူးစက်ရာ လက်ခံနေရာဖြစ်တယ်၊ ဒါကြောင့် လက်သန့်ရှင်းရေးဟာ အရမ်းအရေးကြီးပါတယ်တဲ့။

(၄) ရောဂါရှိသူချောင်းဆိုးလို့ ပတ်ဝန်းကျင်မှာကျန်ခဲ့တာ၊

(၅) အိမ်သာတက်ပြီး လက်စင်အောင်မဆေးလို့ အိမ်သာအိုး၊ အိမ်သာခလုတ်၊ လက်ဆေးကြွေခွက်၊ တံခါးလက်ကိုင်တွေမှာ ပိုးတွေကျန်နေနိုင်ပါတယ်တဲ့။

သန့်ရှင်းရေး ဘယ်လိုလုပ်မလဲ

(၁) နေ့စဉ် သုံးနေကျ ပိုးသတ်ဆေး (ဒက်တော လို အခြားပိုးသတ်ဆပ်ပြာရည်တွေ) သုံးပြီး အဲ့ဒီပိုးတွေကို သန့်စင်ပစ်နိုင်ပါတယ်တဲ့။

(၂) တနေ့ ၂ ကြိမ် ဆေးရုံ၊ ဆေးခန်းတွေမှာ သုံးနေကျ ပုံမှန် ပိုးသတ်ဆပ်ပြာရည်၊ ဆေးရည် သုံးပြီး မှန်မှန် သန့်စင်ခြင်းဖြင့် ပတ်ဝန်းကျင်မှ ထိတွေ့ကူးစက်မှုကို ကာကွယ်နိုင်ပါလိမ့်မယ်တဲ့။

(၃) သန့်စင်တဲ့အချိန်မှာ လက်နဲ့အထိတွေ့ဆုံး နေရာတွေဖြစ်တဲ့…မီးခလုတ်တွေ၊ တံခါးလက်ကိုင်တွေ၊ ထိုင်ခုံမှာ လက်နဲ့ဆွဲထိုင်ရင် ထိမယ့်နေရာတွေ၊ စားပွဲမျက်မှာပြင်တွေ၊ အိမ်သာအိုး၊ အိမ်သာရေဆွဲခလုတ်၊ လက်ဆေးဘေစင်၊ ဘေစင်ခေါင်း၊ အိမ်သာရေပန်းပိုက် စသည်တို့ကို အဓိကသေချာ သန့်စင်သင့်ပါကြောင်း။

အများသိကြရန် ပြန်မျှဝေလိုက်ပါတယ်။

Richard Myo Thant