ပရိ သတ်ကြီးရေ..ဒီနေ့ မတ်လ (၈)ရက်နေ့မှာတော့ မင်းသမီးချော မေကဗျာရဲ့ သမီးလေး ဂင်္ဂါမေရဲ့ (၁၆)နှစ်ပြည့် မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ်နော်..။ မေကဗျာက ဒီနေ့ မတ် (၈)ရက်နေ့မှာကျရောက်တဲ့ သမီးဖြစ်သူရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးကို ”

Happybirthday မေမေ့သ မီးလေး အပြုံးချိုချိုလေးနဲ့ လူတကာကို အပူမပေးတတ်သော အေးဆေးသောမေမေ့သမီးလေး ဒီနေ့ (၁၀) နာရီ (၂၃ )မိနစ်ဆို မေ့မေ့ဗိုက်ထဲကထွက်သွားတာ (၁၆ )နှစ်တောင်ရှိသွားပြီ. ။သဲလေးဖြစ်ချင်တဲ့ ပညာတတ်ဘဝကို အောင်မြင်စွာ အေးချမ်းစွာ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ..။ဘာသာတရားကိုင်းရှိုင်းတဲ့ ယဉ်ကျေးလိမ္မာတဲ့ သမီးလေးဖြစ်ပါစေနော် ”ဆိုပြီး သူမရဲ့ လူမှူကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မေကဗျာကတော့ အမြဲတမ်းအေးဆေးနေတတ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးကြောင့် သူမအမြဲတမ်းစိတ်ချမ်းသာနေရတဲ့အကြောင်းလေးကို အင်တာဗျူးတိုင်းမှာ ပြောပြကာ ဝမ်းသာပီတိဖြစ်နေတဲ့သူပါ.။ မေကဗျာကတော့ သမီးလေးကို ကြိုက်တဲ့အရာကိုလုပ်ခွင့်ပေးတာကြောင့် ဒီဇိုင်နာဖြစ်ချင်နေတဲ့ သမီးလေး ဂင်္ဂါမေအတွက် အကောင်းဆုံးပံ့ပိုးပေးသွားမှာပါလို့လည်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါသေးတယ်..။ ပွဲတက်တိုင်းမှာ သူမသမီးလေးရဲ့ မိတ်ကပ်ပြင်ပေးတာနဲ့ တက်လေ့ရှိပြီး သမီးလေးပြင်ပေးတိုင်း လှတယ်လို့ ပြောခံရလို သမီးဖြစ်သူအတွက်လည်း ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းလေးတွေကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

အမေဖြစ်သူနဲ့ ရုပ်ချင်းဆင်သလို ချစ်စရာကောင်းပြီး အတတ်ပညာတိုင်းကို သင်လွယ်တတ်လွယ်တဲ့ မေကဗျာရဲ့ သမီးချောလေး ဂင်္ဂါမေကတော့ ဒီနေ့ မတ်လ(၈)ရက်နေ့မှာဆို (၁၆)နှစ်ပြည့်ပါပြီနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေကဗျာရဲ့ သမီးအလိမ္မာလေး ဂင်္ဂါမေအတွက် မွေးနေ့ဆုတောင်းစကားလေးတွေကို ရေးပေးခဲ့ကြပါဦးနော်..။

Source: May Kabyar’s Facebook,Credit : Cele Connections