မောင် ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်ဖြိုးလှိုင်ကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားပြီး ဆရာဝန်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ မောင်ကတော့ ချစ်ရတဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ချစ်သူတွေ ဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါပဲ ။ နှစ်ယောက် အတူ ခရီးတွေ အတူတူထွက်ပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလောမှာတော့ အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ မင်းသမီးချောလေးရီရီပွင့်ဖြူက သူမကို ဘာလို့ယောက်ျားမယူသေးတာလဲလို့ ပြောလာတဲ့သူတွေကို ” ဘာလို့ ယောက်ျားမယူသေးလဲသိပ့်မေးကြတာပဲ… ချစ်လို့မေးတဲ့သူကနည်းပါတယ်.. အများစုက သိတဲ့အတိုင်း လှောင်သလို ပြောင်သလို ကွယ်ရာကျ အတင်းအုပ် ချင်လို့ လိုက်မေးနေတာ. ဒီဘက်ခေတ်မှာလေအလွယ်ဆုံးအလုပ်က ယောက်ျားယူတာပဲ.. ဘယ်နည်းနဲ့ယူယူ ရနေကြတာပဲလေ တချို့တွေဆို .. မင်္ဂလာဆောင်ပါတယ်ပေါ့.. ကိုယ်ကိုယ်ကို Ready ဖြစ်မဖြစ် မသိဘူး.. “ဟောမှာ.. ငါလင်ယူပြီနော်” ဆိုပြီး ပတ်ဝန်းကျင်ကို လုပ်ပြတာ.. ပြီးရင်ပျော်လား မေးကြည့်…???ဖြစ်သမျှ ဒုက္ခ ကြိတ်ခံ !!! တချို့ကရှိသေး.. အခုမှ မယူရင် နောက်ရဖို့မသေချာလို့တွေ့ရာ ဆွဲလွဲယူကြတာ.

အဲ့လိုလူမျိုးတွေနားမလည်တာကလေ… ကိုယ်ပိုင် အရည်ချင်းရှိတဲ့ မိန်းမတွေက ဘယ်အချိန်ထယူယူ.. ယူလို့ရလို့ ..ယောက်ျားယူဖို့သွေးအေးနေတာ..ဆိုတာပဲနောက်ဆုံး မရလည်းကိုယ့်ဟာကိုယ် ရှာနိုင်ဖွေနိုင် သုံးနိုင်စွဲနိုင်မို့လို့စိတ်ပူစရာမရှိပါဘူးလို့… တော်ပီ ဒီလောက်ပဲပြောတတ်တယ် ဆိုတဲ့စာသားလေးနဲ့အတူ ယောက်ျားမယူသေးဘူးလားလို့မေးသူတွေကို ပညာသားပါပါတုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေရော ရီရီပွင့်ဖြူနဲ့ စိတ်ချင်းတူရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Yi Yi Pwint Phyu
Emily (Cele Gabar )