တ ရုတ်နိုင်ငံ ဂွမ်ကျိုးက ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့် ထိမ်းသိမ်းသူတွေကို ထားတဲ့ ဟိုတယ် တစ်လုံးဟာ မတ်လ ၇ ရက်နေ့က ပြိုကျခဲ့လို့ လူ ၇၀ လောက် ပိတ် မိနေတယ်လို့ CNA သတင်းမှာ ရေသားထားပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ ဗီဒီယိုတွေအရတော့ လိမ္မမော်ရောင် ဝတ်စုံတွေ ဝတ်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပိတ်မိသူတွေကို ကယ်ထုတ် ဖို့ ကြိုးစားနေတာ တွေ့ရတယ် လို့ဆိုပါတယ်

ဟိုတယ်က ပြိုမကျခင်က ဘယ်လောက်ရှည်တယ်ဆိုတာ သေချာ မသိရပေမယ့် ပြိုကျပြီး နှစ်နာရီ အတွင်းမှာ လူပေါင်း ၃၄ ယောက်ကိုတော့ ကယ်ထုတ်ခဲ့ပြီး ဖြစိတယ်လို့ သိရပါတယ်။

ဒီဟိုတယ်ဟာ ၂၀၁၈ ခုနှစိက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အခန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက် ပျံ့ပွါးလာချိန်မှာ ရောဂါပိုး သံသယရှိသူတွေကို သီးသန့်ခွဲထားဖို့ နေရာအဖြစ် ဒီဟိုတယ်ကို အသုံးပြုနေတာလို့ ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေ လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာကိုလည်း ဗွီဒီယိုသတင်းတွေမှာ တွေ့ရပါတယ်။ ဘာကြောင့် အခုလို အဆောက်အအုံ ပြိုကျတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အခင်းဖြစ်ပွားချိန် အနီးကို ရောက်နေသူတဦးကတော့ ရုတ်တရက် အသံကျယ်ကြီး ကြားရပြီး ပေါက်ကွဲမှု ဖြစ်သလားလို့ ထင်မိတယ်လို့ ပြောပါတယ်။

Ref – CNA