M arch 6,2020

ယ ခုရက်ပိုင်းအတွင်းမှာ သရဲမ (ထိုင်းအ ခေါ် ကိုရီးယားပြန်အိုဗာစတေးသမာူ)တစ်ဦး ထိုင်းကိုပြန်ရောက်လာပြီးတဲ့နောက် ခ၇ီးသွားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းမိုင် ချင်းရိုင်ခရိုင်နဲ့  ထိုင်းမြန်မာနယ်စပ် မယ်စိုင် မြို့ အထိ ရောဂါးပိုး သတ်ဆေးတွေ လိုက်ဖြန်းနေရပြီလို့  ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြထားပါတယ်။

ကိုဗစ်-၁၉ ကူးဆက်ပြန်ပွားနှုံးမြင့်လာနေတဲ့ တောင်ကို၇ီးယား နိုင်ငံမှာဗီဇာသက်သက်တမ်းကျော်ပေမယ့် နေရပ်မပြန်ပဲအလုပ်ခိုးလုပ်နေသူတွေကို ထိုင်းဘာသာနဲ့  ဖီနွိုင် သရဲလေး တွေကို ခေါ်နေကြတာပါ။

တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမရှိနေထိုင်နေသူ ခိုးဝင်နေသူ (သရဲငယ်) တွေတစ်သိန်းကျော် နေရပ် ပြန်ဖို့  ရှိနေရာမှာ ၂၀၁၉ ဒီဇင်ဘာလကစပြီး ၂၀၂၀ ဖေဖေါ်ဝါရီလအထိ တောင်ကိုရီယားကနေ ပြန်လာတဲ့ ထိုင်းနိုင်ငံသား ၅၀၀၀ ကျော် ပြီဖြစ်ပါတယ်။

ယခုလ မှာ ထိုင်းနိုင်ငံ သံ၇ုံး အလုပ်သမားတာဝန်ခံ Yuda Chaemchansri က အသက် ၂၇ နှစ်အရွယ်(ဗီဇာသက်တမ်းကုန်) ထိုင်းနိုင်ငံသူတစ်ဦး ကိုဗစ်ရောဂါပိုးရှိနေကြောင်း သတင်းပို့ ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ပြန်ရောက်ရှိလာသူတွေအပေါ် ရောဂါပိုးတွေ ပါလာမှာ စိုရိမ်မှုတွေ ပိုလာနေခဲ့ကြပါတယ်။

ကို၇ီးယားကပြန်လာတဲ့သူတွေထဲက ဖျားနာနေသူတွေကို ရောဂါတိုက်ဖျက်ရေးဆေးရုံတွေမှာ ဆေးစစ်ဖို့  ခေါ်ဆောင်ပြီး အဖျားမရှိတဲ့သူတွေကိုတော့၁၄ရက်အိမ်ထဲမှာ နေထိုင်ပြီး ရောဂါပိုး လက္ခဏာ စောင့်ကြည့်ဖို့  ထိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။

ခုလိုထုတ်ပြန်ထားတာကို သရဲမ တွေ (အိုဗာစ တေးနဲ့ပြန်လာသူတွေ)က မလိုက်နာပဲ တစ်နိုင်ငံလုံးလျှောက်လည် ကာရာအိုကေသွား ကုန်တိုက်တွေသွား- ပင်လယ်အပျော်ခ၇ီးထွက်တဲ့ ဆဲဖီ ပုံတွေတွေ သူတို့  ဖေ့ဘုတ်တွေမှာတင် နေကြတာကို ဆို၇ှယ် မီဒီယာတွေက အစိုးရကို ခုလိုမျိုးလွတ်ပေးထားရင် ရောဂါပိုး ထိမ်းချုပ်ရမှာပိုခက်လာလိမ့်လို့  သတိပေးခဲ့ပြီးတဲ့နောက် ခုလို သရဲမတွေ သွားတဲ့နေရာတွေကို
ပိုးသတ်ဆေးလိုက်ဖြန်းနေရတာပါ ။

ဘန်ကောက်က Mall ကုန်တိုက်ကြီး လည်းယာယီပိတ်ပြီး ပိုးသတ် ဆေးဖြန်းနေရသသလို ချင်းမိုင်းက ရုပ်၇ှင်ရုံတွေ မူကထ (အသားကင်)စားသောက်ဆိုင်တွေနဲ့  ထိုင်းမြန်မာနယ်စပ်က မဲဆိုင်တမြို့ လုံး ချစ်ကြည်ရေးတံတား အထိ ပိုးသတ်ဆေးတွေဖြန်းနေပြီဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ အတူ ချင်းမိုင်နဲ့  မဲဆိုင်ကိုလည်ပါတ်ခဲ့သူ သရဲမလေး ကိုတော့ သူမနေတဲ့နေရာမှာ ဆေးဝန်ထမ်းတွေက စောင့်ကြည့်နေပါတယ်။ သူမကိုယ်အပူချိန် မတက်ပါဘူး ချောင်းဆိုးနေတာ နှာရည်ယိုနေတာသာ တွေ့ ရတယ်လို့  သူမကို စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါယယ်။။

SAW