သ ရုပ်ဆောင်နေဒွေးဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကတည်းက ချစ်သူဟောင်း သံစဉ်မောင်နဲ့ ကတောက်ကဆဖြစ်ပြီး ပြတ်ဆဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ သုံးနှစ်ကျော်လက်တွဲလာခဲ့တဲ့ နှစ်ယောက်သားရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ အမုန်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်အခြေအတင်စကားများခဲ့ကြပါတယ်။ ဒီနောက်မှာတော့ သံစဉ်မောင်ကနေဒွေးကို အပြင်းအထန်နာကျင်စေမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီးတော့မှ ဒီလိုကိစ္စမျိုးတွေဖြစ်လာတာတော့တကယ့်ကိုစိတ်မကောင်းစရာပါပဲ။ အခုလက်ရှိမှာတော့ နှစ်ယောက်လုံးကကိုယ်စီအနုပညာတွေလုပ်ရင်း အေးအေးလူလူဖြတ်သန်းနေခဲ့ပြီး ကိုယ်ပိုင်ဘဝမှာပျော်အောင်နေထိုင်နေကြပါတယ်။ ဒီနေ့မှာတော့နေဒွေးက ချစ်သူမရှိခြင်းရဲ့ကောင်းကျိုးတွေကိုပြောခဲ့ပါသေးတယ်။

” ချစ်သူ/ရည်းစား မရှိခြင်း၏အကျိုးကျေးဇူးကတော့ ကုန်ကျစရိတ်သက်သာစေခြင်းပါဘဲ ကျွန်တော်မောင်ဂျစ်တူးလေး၏ ဖေဖေါ်ဝါရီလတလလုံးအသုံးစာရိတ်ကငွေကျပ်တစ်သိန်းသုံးသောင်းငါးထောင်နှစ်ရာကျပ်တိတိဘဲကုန်ခဲ့တယ် နောက်(၃) နှစ်တိတိဒီအတိုင်းနေသွားမယ်ဆိုရင် အလှုတွေအများကြီးပိုလုပ်နိုင်မယ် ကိုယ့်ရဲ့လုပ်ငန်းမှာပိုပြီးရင်းနှီးမြှပ်နှံနိုင်လာမယ် လိုချင်တာတွေပိုဝယ်နိုင်မယ် ” ဆိုပြီးဖွင့်ဟခဲ့ပါတယ်။

Credit Wow Myanmar,Photo -Nay Dway