မေ ကွးတိုင်းပြည်သူ့ဆေးရုံကြီးပေါ်တွင် လူနာနှင့်လူနာစောင့် များ မကြာခဏဆိုသလို ငွပျောက်ခြင်း၊ဖုန်းပျောက်ခြင်းများကိုကြုံတွေ့နေရပါတယ်.. အများပြည်သူနှင့်သက်ဆိုင်သည့်နေရာဖြစ်လို့ အဆိုပါအချက်ကိုအခွင့်ကောင်းယူကာ လူနာစောင့်အယောင်ဆောင်၍ အလစ်သုတ်ခြင်းများကိုအတင့်ရဲစွာလုပ်ဆောင်လာကြပါတယ်..

ဆရာ၊ဆရာမများနားနေခန်းထဲအထိဝင်ရောက်ကာခိုးယူမှုများရှိလာသည်အထိ ရဲတင်းလာကြပါတယ်..တရားခံများကိုကား ဒီနေ့အထိ လက်ပူးလက်ကြပ်ဖမ်းမိသည်ဟု မကြားသိရသေးပေ..ဒီနေ့လည်မှာလည်း ယင်းကွေ့ချောင်းကျေးရွာမှ လူနာစောင့်တစ်ဦး ဆေးရုံပြင်ပဆေးဆိုင်သို့ ဆးဝယ်ရန်ထွက်လာစဉ် ဆေးရုံဝင်းကားများရပ်နားသည့်နေရာမှ အသက်(၄၀)ခန့်လူတစ်ဦးမှ

“ခဏလာပါဦး”လို့လှမ်းခေါ်သဖြင့်အကူအညီတောင်းချင်လို့ဟုထင်မှတ်၍ိုလူထံသွားခဲ့တယ်ပြောပါတယ်..အနားရောက်တော့ “မင်းလွယ်အိတ်လွယ်ထားတာ မသင်္ကါလို့ စစ်ချင်တယ်”ဆိုပြီး လွယ်အိတ်ကိုယူစစ်ပါတယ်တဲ့..လူနာစောင့်မှ”စစ်ချင်လည်းစစ်ပါ
ကျွန်တော်လွယ်အိတ်ထဲ ပိုက်ဆံရယ်၊ဆိုင်ကယ်သော့ရယ်”ဘဲရှိ တယ်လို့ပြန်ပြောတော့”

ဒီမှာတွေ့ပြီ နှစ်လုံးထီဘောင်ချာ(ကြိုတင်ကြံစဉ်ဟန်ရှိ) မင်းကိုစခန်းမှူးနဲ့ဆေးရုံအုပ်ကြီးနဲ့တွေ့ပေးမယ်ခဏစောင့်”ဆိုပြီး အိတ်ထဲကငွေ ၆၅၀၀၀ ကျပ်ကိုယူပြီး ဆိုင်ကယ်မောင်းထွက်သွားတယ်လို့ဆိုပါတယ်..လူနာစောင့်ခမျှာ မှင်သက်
မိပြီး ကျန်ခဲ့သလို အယောင်ဆောင်လူလိမ်လည်းပြန်ရောက်မလာတော့ပါဘူး..ရိုးသားတဲ့ တောသူတောင်သားများကို ပစ်မှတ်ထားပြီးဆောင် ရွက်နေကြခြင်းပါ..

ကျန်းမာရေးကြောင့်ပူပင်ရတဲ့အထဲနောက်ထပ်အပူကိုထပ်ခံစားနေကြရပါတယ်..ဝိသာခါလိုနေရာမျိုးမှာတောင်မနက်ပိုင်းဆန်ပြုတ်ဝေတဲ့အချိန်လေးမှာတောင် မကြာခဏဖုန်းခိုးခံရမှုတွေရှိအောင်ကို အတင့်ရဲစွာလုပ်ဆောင်လာကြပါတယ်..

လူနာနှင့်လူနာစောင့်များ သတိကြီးစွာနဲ့နေထိုင်ကြပြီး သူခိုးနဲ့လူလိမ်များကို ပူးပေါင်းဖမ်းဆီးဖို့လိုနေပါပြီ..မိမိတို့ အခန်းဝန်းကျင်မှာမသင်္ကါဖွယ်ရာလူတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ကျ ဆရာ/ဆရာမများအခန်းကို သွားရောက်တိုင်ကြားကြဖို့ အကြံပြုပါတယ်..

မေတ္တာအနန္တဖြင့်..
ကိုမိုး(မကွေးပရဟိတ)