တောင် ကိုရီးယားနိုင်ငံ ဒေဂူးမြို့ အဆောက်အအုံတစ်ခုတွင် COVID-19 ကူးစက်သူ အများအပြား တွေ့ရှိ
တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့ရှိ လူနေထူထပ်တဲ့အဆောက်အအုံတစ်ခုမှာ အခုလ(၇)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အများအပြား တွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲထားရတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီအဆောက်အအုံမှာ လူ(၁၄၁)ဦးနေထိုင်ပြီး၊ အဲဒီအထဲက (၄၆)ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာပါ။ အဲ့ဒါကြောင့် သီးသန့်ခွဲထားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဒေဂူးမြို့ တာ ဝန်ရှိသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး နိုင်ငံပိုင်Yonhap သတင်းအေဂျင်စီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအဆောက်အဦမှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ Shincheonji ဘုရားကျောင်းက အဖွဲ့ဝင်တချို့ နေထိုင်တယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူအရေအတွက်ဟာ အခုလ(၇)ရက်နေ့မှာ (၆၇၆၇) ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းရဲ့ (၆၀)ရာခိုင်နှုန်းကျော်ဟာ နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားရာ ဗဟိုချက်ဖြစ်တဲ့ Shincheonji ဘုရားကျောင်းဖြစ်တယ်လို့ သိရပါတယ်။

Source – Reuters
လေးစားစွာဖြင့် ခရစ်ဒက် …… One News Myanmar