ဝက် လက်မှ အမျိုးသားတစ်ဦး ဗိုင်းရပ်စ်သံသယလက္ခဏာတွေ့၍ ကန်တော်နဒီ ဆေးရုံသို့ ပို့ထား မုံရွာ၊မတ်-၇

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယ လက္ခဏာ တွေ့၍ မန္တလေး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင် ထားသည်။

အသက် ၃၅နှစ်အရွယ် အဆိုပါ အမျိုးသားသည် ဖေဖော်ဝါရီ လက တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ကျောက်ဖြတ်လုပ်ငန်းသွားရောက်

လုပ်ကိုင် ခဲ့ပြီး ယခုလ ၅ ရက်နေ့တွင် ဝက်လက်မြို့နယ်ရှိ ၎င်းနေထိုင်သောရွာသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

၎င်းသည် ဖျားခြင်း ၊ချောင်းဆိုးခြင်းများဖြင့် ဝက်လက်ဆေးရုံတွင် ကုသခံနေရာ မှတဆင့် ယခုလ ၆ ရက်နေ့က မန္တလေး

အထွေထွေ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှ တဆင့် ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့် ကုသမှုများ ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

“သံသယ လက္ခဏာဆိုတာကတော့ အဖျားတစ်ခုပဲ ရှိတယ်။အဆုပ်ကို စမ်းသပ်ကြည့်တော့ လေဝင်လေထွက်မှန်တယ်။

အဆုပ်ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်”ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ် ဟုတ်မဟုတ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးရန်

ပြင်ဆင်လျက်ရှိပြီး မနက်ဖြန်တွင် အဖြေသိရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ယခုလ ၁ရက်နေ့ကလည်း

စစ်ကိုင်းမြို့မှ အမျိုးသားတစ်ဦးကိုရိုနာ ဗိုင်းရပ်စ် သံသယ လက္ခဏာများဖြင့် ကန်တော်နဒီဆေးရုံသို့ တက်ရောက်ကုသခဲ့သေးသည်။

အဆိုပါ အမျိုးသားတွင်လည်း ဗိုင်းရပ်စ် covid-19 ရောဂါမရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးဌာနက မတ်လ ၄ရက်နေ့ ညက ထုတ်ပြန်ခဲ့သည်။

MonywaGazette.
covid19
ဝက်လက်မြို့နယ် အိအိမွန်