ပိုင် တံ ခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ်လ်မင်းသားချောလေး တစ်ဦးပဲဖြစ်ပါတယ်။ ကိုရီးယားမင်းသားတစ်ယောက်လို စတိုင်မိတဲ့အပြင် ပုခုံးပေါ်ဝဲကျနေတဲ့ သူ့ဆံပင်ပုံစံကြောင့်လည်း မိန်းကလေးပရိသတ်တွေက စိတ်ဝင်တစားနဲ့ အာရုံစိုက်နေကြတာလို့ ဆိုရမှာပါ။

မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေသာမက ထိုင်းမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော်။ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံကနာမည်ကြီးမင်းသမီးလေး Baifern နဲ့အတူ အနုပညာအလုပ်တွေလည်း လုပ်ကိုင်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ ” ငါနင့်ကိုသတိရရင် …ကောင်းကင်ကို မော့ကြည့်မိတယ် တို့နှစ်ယောက် တူညီတဲ့ ကောင်းကင်အောက်မှာ ရှိနေတယ်ဆိုတဲ့ အတွေးက အလွမ်းတွေ သက်သာစေလို့ ” ဆိုတဲ့စာသားလေးနဲ့အတူ တစ်စုံတစ်ယောက်ကို လွမ်းနေတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကတော့ ပိုင်တံခွန်တစ်ယောက် ဘယ်ကောင်မလေးကို လွမ်းနေတာလည်းလို့ မေးခွန်းထုတ်နေကြပါပြီနော် ..။

မိန်းကလေးဖန်တွေ ရဲ့တခဲနက်အားပေးမှုကိုရရှိထားတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေကတော့ ရည်းစားမထားစေချင်သေးပေမယ့် သူ့ရဲ့ပို့စ်ကြောင့် မိန်းကလေးဖန်တွေအသည်းကွဲရတော့မှာလား ဆိုတာ စဉ်းစားစရာပါပဲနော် ။ ပိုင်တံခွန်ကိုချစ်တဲ့ပရိသတ်ကြီးရော ဘယ်လိုမြင်လဲ မှတ်ချက်လေးပေးခဲ့ပါဦးနော် ။

Credit