အ ဆိုတော် မိုင်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ ရတနာမိုင်က မိခင်ဖြစ်သူဆီက သီချင်းဆိုတော်တဲ့ပါရမီနဲ့ လှပတဲ့ရုပ်ရည်ကို အမွေရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်သည့်တိုင် အိမ်ထောင်မပြုသေးတဲ့ ရတနာမိုင်က သူမရဲ့ မိသားစုတွေနဲ့သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေဆဲ ဖြစ်ပါတယ်။

ရတနာမိုင်က ဒီနေ့ မတ်လ (၆) ရက်နေ့မှာတော့ သန်လျင် သမဝါယမတက္ကသိုလ်ကျောင်းသင်္ကြန်မှာ သီချင်းဆိုဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ ရတနာမိုင်က ကျောင်းသင်္ကြန်မှာ သီချင်းဆိုဖျော်ဖြေရင်း ကျောင်းသားတွေရဲ့ ကျီစယ်မှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရကြောင်း ပြောပြထားပါတယ်။

ရတနာမိုင်က ” သမဝါယမuniversity မှာရှိတဲ့ခလေးတွေကကိုယ့်မျက်နှာကို ဆေးတွေလာသုတ်လိုက်သောအခါ အဇမ်းတွေလှသွားသောကိုယ်🤧🤧🥴🥴🥴” ဆိုပြီး ကျောင်းသားတွေကြောင့် မျက်နှာရောင်စုံဖြစ်သွားတဲ့ပုံကို မျှဝေထားပါတယ်။

ရတနာမိုင်ကတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျီစယ်မှုကို သဘောကျနေပုံပါပဲ။ ပရိသတ်ကြီးရော ဆေးရောင်စုံမျက်နှာနဲ့ ရတနာမိုင်ရဲ့ ပုံလေးကိုကြည့်ပြီး သဘောကျရဲ့လားပြောခဲ့ဦးနော်။

Source: Yadanar My (ရတနာမိုင်)’s fb,Credit – Cele Connections