ပ ရိသတ်ကြီးရေ မြတ်သူသူကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ” လာမငြင်းနဲ့ လာမပတ်သက်နဲ့နော်လာပို့ထားသမျှ ငါမိထားသမျှတွေအကုန်တင်လိုက်ရင် ဘယ်သူ့အတွက်မှမကောင်းဘူး။အခုချိန်ဘယ်သူနဲ့ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးငါ့အကြောင်းမပါစေနဲ့။နင် ငါ့အပေါ်လုပ်ခဲ့တဲ့အကြောင်းတွေ သိပ်မပြောချင်လို့ ငြိမ်နေပေးခဲ့တာ….ငါကပဲ မတရားသဖြင့် ပစ်ချထားခဲ့သလို အသနားတွေခံနေတာသိရက်နဲ့ နင့်အကြောင်း Interview မှာ မကောင်းတာတခုတောင်မဖြေခဲ့ဘူး။

ငါလက်ခံလို့ ငါမှားခဲ့တယ်ဆိုပြီးဖြေသိမ့်နေလိုက်တာ။မကင်းနိုင်တုန်းက ငါကောင်းအောင်နေပေးခဲ့တယ်။ခုထက်ပိုမကောင်းနိုင်တော့လို့ ငါကင်းအောင်နေတယ်။အဲ့လောက်နဲ့တင် တော်သင့်ပြီလေ။ငါနဲ့တွဲတုန်းကလည်း တရားဝင်တန်ဖိုးရှိရှိငါကတွဲခဲ့တယ် သစ္စာထားပေးခဲ့တယ်။နင်အမှားတွေ အကြိမ်ပေါင်းများစွာလုပ်ခဲ့တာတောင် FB ပေါ်တက် မျက်ရည်မချူတတ်ခဲ့တော့ ငါကပဲ ရုတ်တရက်ကြီး အောင်မြင်လာမှ ပစ်ချတယ်ပြောခံရပြီး နင်ကျ သနားစရာလေးပေါ့ရတယ်။ သည်းခံတယ် ဒါလောကသဘာဝ မသိကြလို့ပြောတဲ့စကားတွေပဲ ငါလက်ခံတယ်။

အခု နင်ဘာသာ တိတ်တိတ်ပုန်းဘယ်နှစ်ယောက်ပဲထားထား ငါနဲ့မဆိုင်ဘူး ထားချင်သလောက်ထားစိတ်မဝင်စားဘူးငါက စပွန်ဆာရသွားလို့ ထားခဲ့တာဆိုပြီး ဘာမှမသိတဲ့မိန်းကလေးတွေအပေါ် မျက်ရည်ချူပြီး အောက်တန်းလာမကျနဲ့လာမပတ်သက်စေနဲ့နင်နဲ့ပတ်သက်တဲ့မိသားစုတွေမျက်နာနဲ့ အခုလောက်ပဲရေးမယ်။ထပ်ဆိုးလာရင် ရှိသမျှသက်သေအကုန်တင်ချလိုက်ရင် ဘယ်သူ့အတွက်မှမကောင်းဘူးဖြစ်သွားမယ် ငါ့သည်းခံစိတ်နဲ့ ငါ့ဒေါသကို လာမဆွနဲ့….နင့်အပေါ်ထားခဲ့တဲ့စေတနာငါ့လိပ်ပြာငါလုံတယ်…မိန်းမတယောက်အပေါ်အဲ့လောက်အောက်တန်းမကျနဲ့အပြစ်တွေမဖော်ချင်ဘူး ” ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်သူဟောင်းရဲ့ အပုတ်ချမှုတွေကိုခံနေရကြောင်းဖော်ပြလာခဲ့တာပါ။ချစ်သူသက်တမ်း နှစ်အချိန်တော်တော်ကြာအောင်ဖြတ်သန်းခဲ့ကြတာကြောင့် ချို့သော ပရိသတ်တွေကတော့စိတ်မကောင်းဖြစ်နေကြတာပါ။ပရိသတ်ကြီးလည်း စိတ်ရှုပ်နေတဲ့ မြတ်သူသူအတွက် အားပေးစကားလေးပြောခဲ့ပါဦးနာ်။

Source : Myat ThuThu
Credit -CeleConnections