ကူ ညီပေးနိုင်ပါရန် ပျောက်နေတာ (၄)ရက်ရှိပါပြီး

ကောင်မလေးနာမည်က – တုံတုံ (ခ) သရဖီဦး ပါအသက်က (၁၉) နှစ်ပါ

နေရပ်လိပ်စာက – ဘိုကုန်းရပ်ကွက် သံလွင်ဥယျာဉ်ရှေ့ စာသင်ကျောင်းအနောက်ဘက် မရမ်းချောင်ရပ် မော်လမြိုင်မြို့။

လက်ရှိနေတာက – စစ်ကဲကုန်းရပ် (၃၅)ဝင်းမှာ နေထိုင်ပါတယ်ကောင်မလေးက အသက်ကသာ (၁၉)နှစ်ဖြစ်နေပြီး စိတ်ကတော့ကလေးစိတ်ပါ။ ဘာမှ မသိနားမလည်ပါဘူး။ အပြင်ရောက်ပြီးရင်အိမ်မပြန်တတ်တော့ပါဘူး။ သူနေတဲ့ နေရာလဲ သူမသိပါဘူး။

အရွယ်မတိုင်ခင် (၁၆)နှစ်သမီးအရွယ်နဲ့ အိမ်ထောင်ကျပါတယ်။

သူ့အမျိုးသားနာမည်က မြတ်ထူးအောင် (၂၅)နှစ်ပါ။ Ocean Center မှာ အလုပ်လုပ်ပါတယ်။ ယောင်္ကျားနဲ့ ယောက္ခမဖြစ်သူတို့နဲ့အတူ လိုက်နေနေတာ ၃ နှစ်လောက်ရှိပါပြီး။

လွန်ခဲ့တဲ့ (၄)ရက်လောက်က ကောင်မလေးက အိမ်ကနေ အပြင် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်ယောက္ခမနဲ့ ယောင်္ကျားဖြစ်သူတို့လည်း လိုက်ရှာတာ နေရာနှံ့နေပြီးဗေဒင် ယတြာတွေ တွက်တော့လည်း အမျိုးသမီးတယောက်က ထိန်းချုပ်ထားသလိုလို လူကုန်ကူးခံရသလိုလို အသက်အန္တရာယ်ထိ ရန်ရှာခံနေရပြီးလိုလို ပြောနေတော့ စိတ်တွေ ပူပင်နေရပါတယ်။

ပိုဆိုးတာက ကောင်မလေးက သူနေတဲ့နေရာ သူမပြောတတ်သလိုဘယ်မှ မသွားတတ် မလာတတ်နဲ့ ကလေးစိတ်သာသာ ဖြစ်နေတာကိုပါ။ မသမာတဲ့သူ တယောက်ယောက် နဲ့ တွေ့သွားမှာကို မိသားစုတွေ အရမ်းစိတ်ပူနေကြလို့ပါရဲစခန်းမှာလဲ တိုင်ချက်ဖွင့်ထားပါပြီး။ ခုချိန်ထိ မထူးခြားသေးပါ။လူကုန်ကူးရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားဖို့ လူကုန်ကူးရဲတပ်ဖွဲ့ခွဲရုံးခန်း ဘယ်နားမှာ ရှိလဲလာမေးလို့လဲ လမ်းညွှန်လိုက်ပါပြီး။

နောက်ထပ်လဲ သိရှိသူတွေ ကူညီနိုင်ဖို့ လူမှုကွန်ယက်ပေါ်ကတင်ပေးဖို့ အကူအညီ တောင်းလာလို့ ထပ်တင်ပေးလိုက်ပါတယ်။

ကောင်မလေးက ငယ်ငယ်ချောချော အရွယ်ကောင်းလဲ ဖြစ်တဲ့အပြင်လူကြီးစိတ် လုံးဝ မရှိပဲ ဘာမှမသိတဲ့ ကလေးစိတ်သာသာ ဖြစ်နေတဲ့ အတွက် အဘက်ဘက်က စိုးရိမ်ရပါတယ်။

ကောင်မလေးကို တွေ့ရှိသူများရောသတင်းကြားမိသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် အကြောင်းကြားပေးကြပါရန်

09 777 969 231

09 787 973 510

09 442 158 281