မြန် မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသည့် ဝေဒနာသည်တစ်ဦးတွေ့ရှိရပါပြီဟု ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလျှင်ပေးချင်း မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း ကျင်းပလျက်ရှိသည့် မန်းရွှေစက်တော်ဘုရားပွဲကို ချက်ချင်းပိတ်သိမ်းမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Daily Eleven သတင်းစာသို့ ပြော ကြားသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ကျောင်းတက်ခဲ့သည့် ကျောင်းသူနှစ်ဦးအပါအဝင် ထိုနိုင်ငံအတွင်းနှင့် ထိုနိုင်ငံ၏နယ်စပ် မြို့များတွင် အလုပ်လုပ်ပြီးပြန်လာသူမှာ မကွေးတိုင်းဒေသကြီး၏ မြို့နယ်အသီးသီး တွင် ဦးရေ ၁၄၀၀၀ ကျော်ရှိနေသော်လည်း ၎င်းင်းတို့ကို စောင့်ကြည့်ခဲ့ရာတွင် ကိုရိုနာဗိုင်း ရပ်စ်လက္ခဏာများ မတ် ၅ ရက်အထိ လုံးဝမ တွေ့ရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက် ၍ တိုင်းဒေသကြီးကျန်းမာရေးဌာန၊ ပြည် ထောင်စုကျန်းမာရေးဝန်ကြီးဌာနတို့နှင့် အချိန် နှင့်တစ်ပြေးညီ ချိတ်ဆက်စောင့်ကြည့်လျက်ရှိ ကြောင်း ဒေါက်တာအောင်မိုးညိုက ပြော ကြားသည်။

“ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးပြော တဲ့ မြန်မာနိုင်ငံသူတစ်ယောက်ဆီမှာ ဝူဟန် ဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုတာက မြန်မာနိုင်ငံ မှာနေတုန်းတွေ့တာမဟုတ်ဘူး။ မြန်မာနိုင်ငံ မှာနေတဲ့ အမျိုးသမီးမှာတွေ့တာမဟုတ်ဘူး။ စင်ကာပူမှာအိမ်ဖော်သွားလုပ်နေတဲ့ ကောင် မလေးဆီမှာတွေ့တာ။ အဲဒီကောင်မလေး က စင်ကာပူမှာဖြစ်နေတယ်ဆိုတော့ စင်ကာ ပူက ကူးတာဖြစ်နိုင်တာပေါ့။ သူ့ဆီ ရောက်ခဲ့ ပြီး သူနဲ့နေခဲ့တဲ့အမျိုးသားကို ကျောက်ပန်း တောင်းဇာတိဆိုသူကို ကြည့်ရှုစစ်ဆေးတော့ လည်း သူ့ဆီမှာလည်း ဒီရောဂါပိုးမတွေ့ရဘူး လို့ ကျန်းမာရေးဌာနက သိရတယ်။ အဲဒီတော့ ကျွန်တော်တို့က နေပြည်တော်ရော၊ ပြည် ထောင်စုရော၊ တိုင်းဒေသကြီးရော ကျန်းမာ ရေးဝန်ကြီးဌာနတွေကို အမြဲတမ်းစုံစမ်းပြီး တော့ မေးမြန်းနေတာ။ မြန်မာနိုင်ငံမှာ ဒီရော ဂါပိုးရှိတာသေချာတဲ့လူ၊ ဒီရောဂါကြောင့် သေရတယ်၊ ဒီရောဂါပိုးကြောင့် ဖျားနာနေ တယ်၊ သူ့ရဲ့ သလိပ်တို့ အချွဲတို့ကိုယူပြီးတော့ စစ်ဆေးကြည့်တာမှာဒီဗိုင်းရပ်စ်ရှိတယ်၊ ဒီ ရောဂါရှိနေတယ်ဆို တိတိကျကျဓာတ်ခွဲလို့ အဖြေရတဲ့လူနာ ရှိပြီဆိုတာ သိသိချင်း ဒီ ဘုရားပွဲတော်ကို ပိတ်မှာ။ မနေဘူး” ဟု ဒေါက် တာအောင်မိုးညိုက ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ် သိမ်းသင့်သည်ဟု ဝေဖန်မှုများရှိနေသော် လည်း ရုတ်တရက်ပိတ်သိမ်းပါက ပွဲတော်ကို မှီခိုရပ်တည်ရသူများအတွက် ထည့်တွက်ရ သည်များလည်းရှိကြောင်း၊ ယင်းသို့ ရုတ်တ ရက်ပိတ်သိမ်းလိုက်ပါက ပြည်သူအများပိုမို ထိတ်လန့်စိုးရိမ်ကြမည့်အခြေအနေများကိုလည်း တွက်ဆရကြောင်း ဒေါက်တာအောင် မိုးညိုက ဆက်လက်ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ် စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်အထိ ကျင်းပလေ့ရှိပြီး ယခုနှစ်ပွဲ တော်ကာလသည် ရက်ပေါင်း ၈၀ ကျော် ကြာ မြင့်မည်ဖြစ်ကြောင်း၊ ပွဲတော်သို့ မြန်မာနိုင်ငံ အနှံ့မှသာမက ကမ္ဘာလှည့်ခရီးသွားအချို့ လည်း လာရောက်လေ့ရှိကြောင်း၊ အစိုးရရုံး ပိတ်ရက်များနှင့် အခြေခံပညာကျောင်းများ စာမေးပွဲပြီးသည့်ကာလများနှင့် ယခုကဲ့သို့ တပေါင်းလပြည့်ရက်များတွင် ပွဲတော်တွင်း ဘုရားဖူးများ ပြည့်လျှံသည်အထိ စည်ကား လေ့ရှိပြီး ယခုနှစ်ပွဲတော်ချိန်တွင် ပုံမှန်ကဲ့သို့ ပင် ဘုရားဖူးများ စည်ကားလျက်ရှိကြောင်း သိရသည်။

EMG