ဘုန်း ကံ…

လူ ဟာ ဘုန်းကံ မြင့်လာပြီဆိုရင် ဘာပဲလုပ်လုပ်သူ့အတွက် အဆင်ပြေ နေတော့တာပဲ … ဘုန်းကံ နိမ့်လာပြီ ဆိုရင်တော့ ပြဿနာတွေ တစ်ခုပြီးတစ်ခု ထပ်ထပ် တက်လာတက်တယ်

အလုပ်အကိုင်က အဆင်မပြေပါဘူး ကျန်မာရေးကမကောင်းပြန် စီးပွားရေးတွေ တအားထိုးကျကြားထဲ ငွေကုန်ပေါက် ကြီးဖြစ်နေတက်တယ် တစ်ချို့. ဘုန်းကံမြင့်နေတော့ ဘာပဲလုပ်လုပ် အဆင်ပြေ နေတာပဲ

ရေပေါရာ မိုးရွာဆိုသလို ပိုက်ဆံ ငွေကြေးတွေ ဝင်ပြီးရင်း ဝင်နေတာပေါ့ ကြားထဲ လုပ်ငန်းတွေ တိုးချဲ့ကြ ဒါဆိုရင် ဘုန်းကံ နိမ့်ခြင်း မြင့်ခြင်းဟာ ဘယ်သူနဲ့ဆိုင်သလဲ အဓိကကတော့ မိမိ နဲ့ပဲ ဆိုင်တာပေါ့

မိမိ လုပ်ရပ်တွေက သက်သေ ပြသွားတာပဲ စီးပွားရေး မကောင်း ကျန်းမာရေး မကောင်းရင် ပြေးပြီ ဗေဒင်ဆရာတွေ ဆီ ဗေဒင်ဆရာမှ တစ်ယောက်မကဘူး ဟို ဆရာ နာမည်ကြီးတယ်ဆို သွား ဒီဆရာ နာမည် ကြီးတယ် ဆို သွားပြီးသားပဲ

ဘယ်တုန်း က မှ ရှိမခိုး ဝတ်မချတဲ့ ဘုရား ဝတ်ပြုလေပြီ စီးပွားတက်စေ. ချမ်းသာစေ အန္တာရာယ် ကင်းစေ ဆိုတဲ့ မန္တာန် မှန်သမျှအကုန် အလွှတ် ရနေချေပြီ ညစဉ် ပုတီး လက်က ကိုင်လေပြီ ဒါပေ့မယ့် လုပ်သာ လုပ်နေတာ နော် သိပ် မထူးခြားသေးဘူး

ဘယ် ထူးခြားမလဲ ဘုန်းကံကနိမ့် အကုသိုလ်အတုံးလိုက် အတစ်လိုက် ဝင်လာချေပြီ ဘာပြော ချင်လဲဆိုတော့ လူတွေဟာ အလုပ်အကိုင်လေး အဆင်ပြေနေရင် ကျန်းမာရေးလေး ကောင်းနေရင် လုပ်သမျှ အောင်မြင်နေရင် ဘယ် သူမှ လူမထင်ဘူး

ဘုရားလဲ အမှတ် မရ မိဘဆရာသမားလဲ အမှတ်မရ ဗေဒင်ဆရာ နတ်ကတော် ဆို အဝေးကြီး ဘယ်သတိရလိမ့်မလဲ လုပ်သမျှ အောင်မြင်နေတာ ကိုး ဒီလိုနဲ့ ရှိရင်းစွဲ ဘုန်ကံလေးတွေ ကုသိုလ်လေးတွေဟာ လျော့ကျလာတယ်

ဘုန်းကံနိမ့် လာပြီ ဆိုကတည်းက. ဘာလုပ်လုပ်အဆင်မပြေတော့ ဘူး အဲ့တော့ ဘယ်သူတွေ သတိရလဲ ဘုရား တရား သံဃာ မိဘဆရာ ဗေဒင်ဆရာအကုန် သတိရတော့တာပဲ လူဟာ သတိရလိုက်ပြီ ဆိုတာနဲ့ အရာရာနောက်ကျ နေပြီပေါ့

ဗေဒင် ဆရာလဲ မကယ်နိုင်တော့ဘူး ဘုရားလဲ မကယ်နိုင်တော့ဘူး မန္တာန်တွေလဲ မကယ်နိုင်တော့ဘူး လိုက် မမှီတော့ဘူး တော်တော်နဲ့ မိမိ ကုသိုလ်လျော့ရင် လျော့သလောက် ခံဖို့သာပြင်ပေတော့

တချို့လူတွေ ရှိတယ် ဘဝမှာ အတော်အတန့်. ပြဿနာ အခက်အခဲကလွဲရင် ကြီးကြီးမားမား သူ့အတွက် ပြသနာ မရှိဘူး အားလုံး ok. ပြတယ်ပေါ့ ဒါပေ့မယ့်လဲ ဘဝဆိုတာ ဆင်လုံးချော အကောင်းလဲကြီး တွေ့နေတာ မဟုတ်ဘူး

လောကဓံလေ ပြဿနာ ကြီးကြီး သေးသေးပဲ ကွာမယ် အဲဒါ ဘာကြောင့်လဲလို့. ဘုန်းဘုန်းလေ့လာ မိသလောက်တော့ သူဟာ နေ့စဉ် ကုသိုလ် တစ်ခုခုတော့ စိတ်ပါ လက်ပါ လုပ်နေတာ တွေ့ရတယ်

ပြောချင်တာက. ဘဝမှာ အခက်အခဲ ဖြစ်လို့အကူအညီတောင်း မေးမြန်တာထက် အခက် အခဲမဖြစ်ခင် ကြိုတင် မေးမြန်းရလိမ့်မယ် ဘာလုပ်သင့်တယ် မလုပ်သင့်ဘူး

နောက် နေ့စဉ် ပုတီးစိတ်ပါ ဒါမှမဟုက် စိတ်အေးချမ်းအောင် အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ပေပေါ့ ဒီလို အမြဲလုပ်လို့သာ ရက်မပျက် လုပ်ရဲ့သားနဲ့ပြသနာတွေ ပေါင်းစုံ တက်နေရင်တော့သေချာတယ်

သင်ဟာ အရင်ဘဝက. လူကောင်းတော့ မဟုတ်တန်ရာဘူး ဒါပေ့မယ် ငါ ကုသိုလ် ကောင်းမူတွေ ပြုလုပ်ရဲ့သားနဲ့ ငါ့အတွက် ကောင်းကျိုး မလာဘူးလို့ မတွေးလိုက်ပါနဲ့

အိုးတစ်လုံးထဲ ရေ တစ်စက်ချင်း ချရင် ပြည့်နိုင်ပါတယ်ပြည့်လာရင် သင့်အတွက်ကြီးပါပဲ တချို့. မိသားစု လေးတွေဆို အေးအေးချမ်းချမ်းပဲသိပ် အချမ်းသာကြီး မဟုတ်ကြဘူး

ဘဝမှာ နေနိုင် ထိုင်နိုင် စားနိုင် သောက်နိုင်ရုံပဲ ဒါပေ့မယ့် သိပ်အေးချမ်း ညစဉ် ရွတ်ကြ ဖတ်ကြ တရားထိုင် ကြနဲ့ မနက်ဆွမ်း လောင်းကြနဲ့ သိပ်အေး ချမ်းတဲ့ မိသားစုလေး တွေ တွေ့ဘူးတယ်

ဒါပေ့မယ် အလွန် အလွန် ရှားပါတယ် ဘဝမှာ ငွေ ရှိတိုင်းလည် ချမ်းသာတာ မဟုတ်ပါဘူး အဓိက က. နေတက် ထိုင်တက် စားတက်လုပ်တက် ကိုင်တက်ဖို့ပဲ လိုတယ်

ဘဝမှာ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ပဲ လိုတယ် ဆင်းရဲ သားတိုင်းလည်း ဆင်းရဲတယ် မထင်ကြပါနဲ့ တခါတခါ ချမ်းသာတဲ့ သူတွေထက် ဆင်းရဲသားကပို စိတ်ချမ်းတဲ့ လူတွေ ဒုနဲ့ ဒေးရှိပါတယ်။

ဒီ post မှာ အဓိက. ပြောချင်တာကမိမိ ဘာလုပ်လုပ် အောင်မြင်နေတယ် ဆိုပြီး အောက်ခြေ. လွတ် မနေနဲ့မိမိ ဘုန်းကံ မြင့်သထက် မြင့်နေအောင် ကုသိုလ်အရှိန်တွေ နဲ့ မြှင့်တင်ကြပါ

နောက် ဘဝမှာ ငါဘာလုပ်လုပ် အဆင်ပြေတယ် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဘယ်သူ့မှ လူမထင်ဘူးမလုပ်ပါနဲ့ မိမိ အပေါင်းအသင်း မိတ်ဆွေကောင်း မိတ်ဆွေ စစ်တွေကိုလဲ တက်နိုင်သလောက် ကူညီပါ

မာန်မာနတွေ မထားပါနဲ့ တက်နိုင်သလောက် မိမိ တက်သလောက်ကုသိုလ် တရားတွေ ဖြစ်စေမယ့် ဂါထာမန္တာန်တွေ ရွတ်ဖက်ပါ အဓိဌာန်ဝင်ပါ စီးပွားရေး အဆင်ပြေနေလို့. ကျန်းမာရေး အဆင်ပြေနေလို့. မေ့မထားပါနဲ့

နောင် သင့်ဘုန်းကံ နိမ့်ပါးလာရင် လိုက်မမှီတော့မှာစိုးရိမ် ရတယ် မိဘ. ဆရာ တွေ ရှိရင်လဲ ပြစ်မထားပါနဲ့ဘုရား တရား သံဃာ မမေ့ပါနဲ့ မိမိ စီးပွားရေး အဆင်မပြေလို့. ဗေဒင် မေးခြင်းထက်

မိမိ စီးပွားရေး ပြေလည်စဉ်က ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူး ဘာဆောင်ရမယ် ရှောင်ရမယ်တက်ကျွမ်း နားလည်တဲ့ ဆရာသမားတွေဆီအကူ အညီ တောင်းခံပါ

မိမိ ဟာ လောကီ လူသားစစ်စစ် ဖြစ်သည့်အတွက် အရာရာ မယုံကြည်ပဲ နေလိုက်လျှင် အရှုံးပေါ်တက်ပါတယ်။

ဒေါက်တာအရှင်ဇဝန(ပြည်တော်သာ)