အေးမြဖြူ ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာTop-3 အထိပါဝင်ခဲ့ပြီးနောက် ဖျော်ဖြေပွဲတွေဆက်တိုက်သီဆိုဖျော်ဖြေနေရတဲ့ တက်သစ်စတစ်ယောက်ပါ။အေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာမှမဟုတ်ဘဲ ကလေးသရုပ်ဆောင်အနေနဲ့လည်း ပရိသတ်တွေသိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။အခုဆိုရင်အဆိုပိုင်းမှာထူးချွန်သူတစ်ယောက်ရယ်လို့ သတ်မှတ်ခံထားရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးမှပါဝင်ဖို့အထိပါ အခွင့်အရေးတွေရနေတာလည်း ဖြစ်ပါတယ်။

ေ အးမြဖြူကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့အပြုအမူတစ်ခုကြောင့် ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။စိုင်းစိုင်းနဲ့ Juction Square မှာတွေ့ခဲ့ချိန်မှာ ရယ်ပြပြီးတာ့တာပြသွားတာကြောင့် မှတ်မိလို့ဒီလိုမျိုးနှုတ်ဆက်တာလားဆိုပြီးတော့ ပျော်ရွှင်နေတာပါ။အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်ထားတာပါ။

စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ဆက်ဆံရေးကောင်းမွန်သူ စိတ်ထားကောင်းသူတစ်ယောက်လို့ သတ်မှတ်ခံထားရသူပါ။အခုလည်း တက်သစ်စတစ်ယောက်ဖြစ်တဲ့အေးမြဖြူကို ပြုံးပြပြီးနှုတ်ဆက်သွားသေးတာပါ။ဒီလိုအပြုအမူလေးကြောင့် အေးမြဖြုကတော့ ပျော်ရွှင်နေပါပြီနော်…

Source : AyeMyaPhyu
Credit-PannKyarWutHmone – CeleGabar