ကြာ ပန်းတွေဟာ ဒီနိုင်ငံကလူတွေအနေနဲ့ အမြင်မစိမ်းလှပေမဲ့ သောက်စရာတစ်ခုအနေနဲ့ကျတော့ နည်းနည်းစိမ်းနေကြမယ်လို့ထင်ပါတယ်။ ကြာပန်းကို အခြောက်လှန်းပြီး ကြာပန်းလက်ဖက်ရည်အဖြစ်သုံးဆောင်ကြတဲ့ ဓလေ့ဟာ

ဗီယက်နမ်မှာတော့ အင်မတန်ကျော်ကြားလှပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ကြတဲ့ ကမ္ဘာအရပ်ရပ်က ခရီးသွားတွေတောင်မှ ပြန်ကြတဲ့အခါ ကြာပန်းလက်ဖက်ခြောက်တွေကို ဝယ်ယူသွားလေ့ရှိကြပါတယ်။ ကြာပန်းပင်တွေဟာ အထူးသဖြင့်

အာရှမှာရှိတဲ့ ရေကန်တွေမှာ အများဆုံး ပေါက်ရောက်လေ့ရှိပြီး အဖြူရောင်၊ ပန်းရောင်နဲ့ အပြာရောင်ဆိုပြီး အမျိုးမျိုးရှိတတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကြာပန်းလက်ဖက်ရည်ကနေ အဓိကရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၆ ခုပါ။

၁။ ကော်လာဂျင်ဖြစ်ပေါ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း

ကော်လာဂျင်ရဲ့ လူသိအများဆုံးအကျိုးကျေးဇူးကတော့ အသားအရေကို တောက်ပပြီး တင်းရင်းစေတာပါ။ ဒါ့အပြင်ပရိုတင်းကိုလည်း အထောက်အပံ့ပေးတဲ့အတွက် ကြွက်သားတည်ဆောက်ရာမှာ ကူညီပေးပြီး အဆီပိုတွေကို လောင်ကျွမ်းစေပါသေးလို့ သင့်အသားအရေကို ချောမွတ်စေပါလိမ့်မယ်။

၂။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း

ကြာပန်းလက်ဖက်ရည်မှာ ဗီတာမင် B ပါဝင်မှုမြင့်မားတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ pyridoxine ကို ရရှိစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ကြာပန်းလက်ဖက်ရည်တစ်ခွက်လောက်သောက်လိုက်ရုံနဲ့ သင့်ကို စိတ်ရောကိုယ်ပါ အတော်လေး သက်တောင့်သက်သာဖြစ်စေမှာပါ။

၃။ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စေခြင်း

ကြာပန်းလက်ဖက်ရည်မှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးတွင်းမှာရှိရမဲ့ သကြားဓာတ် level ကို အကောင်းဆုံးအနေအထားရောက်အောင် ထိန်းညှိပေးနိုင်ပါတယ်။ပိုတက်ဆီယမ်ဟာ

အမြဲတမ်းရေငတ်ခြင်း၊ အလွန်အကျွံဆီးသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

၎။ အစာခြေစနစ်ကိုထောက်ပံ့ပေးခြင်း

ကြာပန်းလက်ဖက်ရည်မှာ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် အူသိမ်ပိုင်းမှာ pereistalsis တွေကိုတိုးစေပြီး အစာအိမ်ကနေ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းကိုပါ မြင့်တက်စေပါတယ်။

အကျိုးရလဒ်အနေနဲ့ သင့်ကို မလိုအပ်ဘဲ အပိုတွေ မစားမိစေတော့အောင် အစာအိမ်ကို တင်းတိမ်ရောင့်ရဲစေပါတယ်။

၅။ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးခြင်း

ကြာပန်းလက်ဖက်ရည် သောက်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှု သိသိသာသာ မြင့်တက်လာတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားပါတယ်။ ဒါဟာ သူ့မှာပါတဲ့ iron နဲ့ copper ဓာတ်တွေကြောင့် သွေးထဲမှာ

သွေးနီဥတွေမြင့်တက်လာလို့ပဲဖြစ်ပါတယ်။ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အားမရှိသလိုဖြစ်ပြီး မူးဝေတာတွေအတွက် energy drink တစ်ဘူးလောက်သောက်လိုက်ရသလို ချက်ချင်းသက်သာစေမှာ ဖြစ်ပါတယ်။

၆။ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို တိုးတက်လာစေခြင်း

ကြာပန်းလက်ဖက်ရည်မှာပါဝင်တဲ့ zinc ဓာတ်ဟာ ဗီတာမင် B6 နဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ ဦးဏှောက်ထဲက neurotransmitter တွေရဲ့ လုပ်ဆောင်မှုကို တိုးတက်လာစေပြီး အာရုံခံစားနိုင်စွမ်းနဲ့ လေ့လာသင်ယူနိုင်စွမ်းတွေကိုပါ

တစ်ဆင့်မြှင့်တင်လိုက်သလို သိသိသာသာ ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြာပန်းလက်ဖက်ခြောက်ဟာ ဗီယက်နမ်မှာတော့ ကမ္ဘာကျော်တဲ့အထိအောင် လူကြိုက်များတဲ့ တင်ပို့ကုန်တစ်ခုအနေနဲ့ တွင်ကျယ်လျက်ရှိနေတာပါ။

မြန်မာနိုင်ငံမှာတော့ ကြာပန်းတွေပေါပေါများများတွေ့နေပါလျက်နဲ့ အသုံးချရကောင်းမှန်းမသိဘဲ အလဟသက်ဖြစ်နေတာ တကယ်ကိုနှမြောစရာပါပဲ။ ဒါကြောင့်မို့ ကြာပန်းကို သန့်စင်ပြီး

အခြောက်ခံလိုက်ရုံနဲ့ အပေါ်မှာပြောခဲ့သလို ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရနိုင်တဲ့ အဖိုးတန်ကြာပန်းလက်ဖက်ခြောက်ကို သတိထားမိလာစေဖို့ Media ဖော်ပြလိုက်ရပါတယ်။ ခရက်ဒစ်