Wisdom Hill မူႀကိဳေ ကျာင်း ကြီးကြပ်ရေးမှူးက ဗစ်တိုးရီးယား၏ဖခင်ဖြစ်သူ အပါအဝင် ခြောက်ဦးအား ကလေးသူငယ် များ အခွင့်ရေးဆိုင်ရာဥပဒေပုဒ်ဖြင့် အမှုဖွင့်ထားမှုကို သက်ဆိုင်ရာဥပဒေရုံးက တရားစွဲ ဆိုရန်မသင့်ဟု အကြောင်းပြန်ခဲ့သဖြင့် အမှု ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

“ဥပဒေရုံးက တရားစွဲဆိုရန် မသင့် ကြောင်း အကြောင်းပြန်လို့ အမှုပိတ်လိုက် တာ ဟုတ်ပါတယ်” ဟု ပတ္တာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်ဖြစ်သူ၊ ဗစ်တိုးရီးယား၏ ဦးလေးနှင့် အဒေါ်၊ အောင်ကြီး၏ရှေ့နေဖြစ်သူ ဦးခင် မောင်ဇော်၊ တရားလိုဘက်မှ လိုက်ပါဆောင် ရွက်နေသည့် ဒေါ်ရွက်နုအောင်နှင့် ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညိုအကောင့်ပိုင် ရှင်) တို့အား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂)ဖြင့် စက် တင်ဘာ ၂၆ ရက်က ပုဗ္ဗသီရိမြို့နယ် ပတ္တာ နယ်မြေရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ပုဗ္ဗသီရိဥပဒေအရာရှိက ဒီဟာကိုတရားစွဲဆိုရန်မသင့်ဘူးလို့ ရဲကိုစိစစ်ချက်ပြန် ပေးလိုက်တယ်။ ရဲစခန်းမှာတော့ တရားဝင် ရောက်နေပါပြီ။ ရဲစခန်းက မနေ့က (မတ် ၅ ရက်) တရားဝင်အကြောင်းပြန်ထားပါ တယ်” ဟု့  ပြော ကြားသည်။ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေးနှင့် အဒေါ်တို့သည် ဗစ်တိုးရီးယား အမှုအား ရုံးတင်စစ်ဆေးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် တရားဥပဒေနှင့်မညီသည့် သက် သေချက်များ တင်သွင်းခဲ့ပြီး သတင်းမီဒီယာ များအား တရားလိုရှေ့နေနှင့် တရားခံရှေ့နေ တို့၏ ဖြေကြားမှုများကြောင့် ၎င်း၏သားနှစ်ဦးမှာ ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆိုထင်မြင်ခံနေရသည့်အတွက် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ဗစ်တိုးရီးယားအမှုအား ပါဝင် ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာဝင်း ကိုကိုသိန်း (သက္ကမိုးညို အကောင့်ပိုင်ရှင်)မှလည်း စက်တင်ဘာ ၁၄ ရက်၌ စတုတ္ထရုံး ချိန်းဆိုသောခေါင်းစဉ်ဖြင့် အဆိုပါဗီဒီယိုဖိုင် အကြောင်းကို ၎င်း၏လူမှုကွက်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သဖြင့် အမှုဖွင့်ခံခဲ့ရသည်။စွပ်စွဲခံထားရသူ အောင်ကြီးဘက်မှ ရှေ့ နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ ဒေါ်စုဒါလီအောင်အား Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မလှိုင်က ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ ၁၀၁ (က) ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် ပုဗ္ဗသီရိ မြို့နယ်တရားရုံး၌ တရားရင်ဆိုင်လျက်ရှိသည်။

Credit Eleven