မြန် မာပြည်က ပြင်ညာရှင်တွေရဲ့ လက်ချက်နဲ့ ကိုရိုနာဗိုင်းရပ်တွေဟာ ဖေ့ဘုတ်ပေါ်မှာ အတော်ထွားလာတာကို တွေ့ရှိရပါတယ်။ ပို့စ်တစ်ခုက ၄၀၀-၅၀၀ မီလီမီတာတဲ့။ အဲဒီလိုသာဆို လူခေါင်းထက်တောင် ကြီးသေးတယ်။ ဘောလုံးလုပ်ပြီး ကန်လို့တောင်ရမယ်။ နည်းနည်းတော့ လျှော့ပါ မဟာ ပြင်ညာကျော်တို့ဖျာ့။

နောက်ပို့စ်တစ်ခုက ၄၀၀-၅၀၀ မိုက်ကရိုမီတာတဲ့။ သေးသွားရင် ပြီးရော ဆိုပြီး သိတဲ့ယူနစ် မှန်းတုတ်လိုက်တာမျန်းလား။ အဲဒါဆို ခေါင်းပေါ်က သန်းဥထက် ယောင်ယောင်လေးပဲ သေးမယ်။ သာမန်မျက်စိနဲ့ မြင်ရနေပြီ။ ဆေးရုံတက်မနေနဲ့တော့။ ရှေးတုန်းက သန်းတုတ်သလို သတ်ကြပါတော့လား။ အတင်းလည်း ပြောရင်း ကိုရိုနာဗိုင်းရပ်စ်လေးလည်း သတ်ရင်းပေါ့။ အနေတော်ဆိုဒ်ကလေးပေါ့နော်။

ရွဲ့တာတွေ အသာထားပြီး ဗဟုသုတတွေ ပြောကြဦးစို့ရဲ့။ လူကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေမှာ ၂မျိုးရှိပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပါ။ ဘက်တီးရီးယားမှာ ကောင်းတာနဲ့ မကောင်းတာ ၂မျိုးရှိပြီး ဗိုင်းရပ်စ်ကတော့ အကုန် မကောင်းတာတွေ ချည်းပါပဲ။

သူတို့ဟာ အင်မတန်မှ သေးငယ်တဲ့ ပိုးမွှားတွေ ဖြစ်တဲ့ အတွက် မျက်စိနဲ့ ဒီအတိုင်းကြည့်လို့ မမြင်နိုင်ပါဘူး။ ဘက်တီးရီးယားကို မျက်စိနဲ့ တိုက်ရိုက်ကြည့်ရတဲ့ မိုက်ကရိုစကုပ်နဲ့ မြင်ရပါတယ်။ ဗိုင်းရပ်စ်တွေက ဘက်တီးရီးယားတွေထက် သေးငယ်တဲ့အတွက် အီလက်ထရွန် မိုက်ကရိုစကုပ် လို့ ခေါ်တဲ့ ဓာတ်မှန်ရိုက်သလိုမျိုး ရိုက်တဲ့ ကိရိယာနဲ့ ကြည့်မှ ဓာတ်မှန်လို အဖြူအမဲ ပုံရိပ် အဖြစ် မြင်ရပါတယ်။ အဲဒီပုံတွေကို ကွန်ပျူတာနဲ့ ကာလာသွင်းလိုက်တော့မှ သတင်းစာ၊ ဂျာနယ်၊ အင်တာနက် စာမျက်နှာ တွေပေါ်မှာ မြင်ရတဲ့ ပုံတွေ ဖြစ်လာတာပါ။

ကိုရိုနာဗိုင်းရပ်စ် မျိုးစုဟာ အရွယ်အလွန်သေးပါတယ်။ (120-160nm) ၁၂၀ – ၁၆၀ နာနိုမီတာလောက်ပဲ အချင်း(diameter) ရှိပါတယ်။ ဥပမာ နှိုင်းယှဉ်ပြရရင် ဆံပင်ချည်ရဲ့ အချင်းထက် အပုံ ၆၂၅ပုံ ၁ပုံလောက်ပဲ ရှိပါတယ်။ (ဆံပင်ချည်ရဲ့ အချင်းကို ၇၅ မိုက်ကရိုမီတာ၊ ဗိုင်းရပ်စ်အချင်း ကို ၁၂၀ နာနိုမီတာလို့ အကြမ်းဖျင်း တွက်ယူထားတာပါ။)

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရှဲကြမယ် ဆိုရင် အရွယ်အစားလေး သေချာ ထည့်စဉ်းစားကြပါလို့စ်။

ကဲ.. အားလုံး လိုက်ဆို (သေးသေးလေးပဲလား ကြီးကြီးလား.. ကြီးကြီး သေးသေးလား)

Ye Myint
Source-Blacker