စိတ္မေ ကာင်းစရာ Photo Caption ကြောင့် ရေးဖြစ်တဲ့စာ။

ဟုတ်တယ်။ အဲ့ပုံမှာ လိုပဲ မြန်မာပြည်မှာက ဖြစ်နေတာ။ ဆေးခန်းဖွင့်ထားတယ်။ ဘာလာလာ Diclo ထိုးမယ်။ လက်ကနေ Glucose ထိုးမယ်။ ဆေးထိုးမှ ရောဂါ ပျောက် မယ်ထင်တဲ့ လူနာတွေ အတွက် ဆေးမထိုးပဲ ဆေးကုတဲ့ ဆရာဝန်နဲ့ ဆေးထိုးပြီး ပိုက်ဆံ တောင်းတဲ့ ရမ်းကု ဘယ်သူဟာ လူကြိုက်များမလဲ။

တာရာမင်းဝေက သူ့သား ခေတ်နေကို ပြောသလိုပေါ့။ လောကမှာ လူပြိန်းတွေ သိပ်များတယ်။ အောင်မြင်ရင် ပြီးရော ဆိုလို့ကတော့ လူပြိန်းကြိုက်သာ လုပ်စမ်းပါ။ အောင်မြင်လိမ့်မယ်တဲ့။

ကျနော်တို့ ဆရာဝန်တွေဟာတော့ ဆရာဝန် ပီသဖို့ ကြိုးစားရတယ်။ လူပြိန်းတွေကို လူပြိန်းဘဝက လွတ်ပါစေ တော့ ငါဟာ ကြယ်ငါး ကောက်သူ ဖြစ်ပါရစေ ဆိုပြီး စိတ်ထားရတယ်။ ရောဂါကို ရှင်းပြ မလိုဘဲ ဆေးမထိုးသင့်ကြောင်းကို ရှင်းပြ အချိန်ကုန် လူပန်းနဲ့ ဒီဆရာဝန် သိပ်သောက်စကား များ တာပဲပေါ့။ သူတို့ အတွက် တော့ မလိုဘူး။

ရမ်းကု တယောက် ဖြစ်ဖို့ အတွက်… ဆေး…ပညာ တတ်စရာမလိုဘူး အဖိန့်ကောင်းဖို့ရယ် လက်ထဲမှာ အပ်ကိုင်ပြီး ဇွက် ကနဲ ထိုး တတ်ဖို့ရယ် ထိုးရဲ ဖို့ရယ် ပဲ လိုတယ်။ ကျနော်တို့ ပြောပြော နေတဲ့ ရမ်းကု ဆိုတာ နာ့စ်လေးတွေ က တပိုင်တနိုင် ဖွင့်ထားတဲ့ ဆရာဝန်တွေ မရောက်တဲ့ တောကြို အုံကြားက ဆေးခန်း လေးတွေ လို့ ထင်နေတာလား ဆိုင်ကယ် တဘုန်းဘုန်းနဲ့ လူသူမနီး တောမြိုင်ကြီး မှာ ဆေးမှူး HA က ဖွင့်ထားတဲ့ ဆေးခန်းလေးလို့ ထင်နေတာလား ။ မဟုတ်ရပါဘူးဗျာ…

မြို့ကြီး ပြကြီးမှာ ဆရာဝန်ကြီးတွေနဲ့ သူတင် ကိုယ်တင် ချဲ ပြီး ဆရာဝန် ဆေးခန်း ဆိုရင်… အော် အဲ့ဆရာဝန်လေးလား ကောင်လေးတေက ခုမှ ဆေးကျောင်းပြီးတာလေ ခုခေတ်က သိတဲ့အတိုင်း ဆေးရုံမှာလဲ ဘားမှ ပေးမလုပ် ဆေးလဲ မကုတတ်ကြနဲ့.. အဲ့တော့ ခင်ဗျား ရောဂါ ဘယ်ပျောက်မလဲဗျ.. ဆေးလဲ မထိုးရဲကြဘူးလေ.. ကလေး တွေဆို ပိုမထိုးရဲသေးတယ်။ သူတို့က ကျနော်တို့နဲ့ ယှဉ်ရင် ချာတိတ် အဆင့် ကိုးဗျ။ စသည်ဖြင့် စသည်ဖြင့် ဆရာဝန်တေကို ဒဲ့ ပုတ်ခတ်နေတဲ့ မြို့ကြီးပြကြီး ပေါ်က နာ့စ်လဲ မဟုတ် ဆေးမှူး HA လဲ မဟုတ်တဲ့ လူတွေ ဖွင့်ထားတဲ့ ဆေးခန်း ကို ပြောတာပါဗျ။

ဒါတွေကိုပဲ မသိလို့လား မသိ ဟိုတနှစ်က…လွှတ်တော်မှာ ဒီရမ်းကုတွေနဲ့ ပတ်သတ်ပြီး အဆိုတင်တာ ရှုံး နိမ့်သွားခဲ့တယ်.. ကိုတေမှာ အံ့ဩဘနန်းပေါ့ အမေရယ်။ ဒါတေကို မင်းက မနာလိုလို့ တင်နေတာလား ဒါကိုတော့ ဆောရီးပါ။ ဆေးခန်းဖွင့်တာ ငါးနှစ်ရှိပြီ။ ကို့ကို ယုံကြည်တဲ့ သူတွေ အားကိုးတဲ့ သူတွေ အတွက် ကိုဟာ ကြယ်ငါးကောက်သူ ပါပဲ ကျန်တဲ့ သူတွေကိုတော့ သဗ်ဗေသက်ကာ ကာမသက်ကာပါ အရာရာဟာ ထိုက်တန်သရွေ့ ရတာပါပဲ။ ငါတို့ နိုင်ငံလေး ကျန်းမာပါစေ။

မောင်မျိုး – ဆေး (၂)
Source-Blacker