လတ္တေ လာ အသက္ရႉ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ရပ်စောက်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် (မတ်လ ၆ ရက်)၊ ညနေပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားသည် ဖေဖော်ဝါရီလ ၂၃ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ မောပန်းခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားနေရသဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံ တစ်ခုတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ၊ မတ်လ ၅ ရက်ထိ ဆေးကုသမှု ခံယူပြီးနောက် ရန်ကုန် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသမှု ခံယူခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအား စစ်ဆေးမှုများ ပြုလုပ်ရာတွင် COVID-19 ဖြစ်ပွားရာ နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွား ရာဇဝင် မရှိသော်လည်း လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသမှုများ ပြုလုပ်နေစဉ် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

“ဓါတ်ခွဲအဖြေ စစ်တုန်းမှာ ဆုံးသွားတာဆိုတော့၊ အဖြေ ရရင်တော့ သူ့ ပတ်ဝန်းကျင်က သူတွေကို စစ်ရမှာပေါ့။ ဓါတ်ခွဲအဖြေက မရသေးဘူး။ ဓါတ်ခွဲနမူနာက ယူထားပြီးပြီ၊ ရောဂါ အတည်ပြုရင်တော့ သူ့ ပတ်ဝန်းကျင်ကို ကျန်းမာရေး ဌာန အနေနဲ့ လိုအပ်တာတွေ လုပ်သွားပါမယ်။” ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် လက်ရှိအချိန် စောင့်ကြည့်လူနာ (၅) ဦး ရှိနေပြီး ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း သိရသည်

Credit-Blacker