ဝ ဘာဂီတံခါးများ၏ နောက်ကွယ်” (အမည်မဖော်လိုသူ နယူးဇီလန်နိုင်ငံသားတယောက်၏ ဝေဘာဂီဆေးရုံမှ ရေးသားပေးပို့ချက်)

အချိန်ကိုက် အခါကိုက်ဆိုသလို ဖျားနာမှုကို ခံစားရပီးနောက် သူသည် အရှေ့တောင်အာရှနိုင်ငံတခု၏ ကူးစက်ရောဂါတိုက်ဖျက်ရေးဆေးရုံတခုထဲတွင် ရောက်ရှိနေရသည်။

မြန်မာပြည်တွင် နေထိုင်သော သူသည် နယူးဇီလန်သားတယောက်ဖြစ်သည်။ ဟောင်ကောင်မှ တဆင့် အလုပ်ကိစ္စဖြင့် မြန်မာပြည်ကို ပြန်ရောက်လာပီး ၁၂ ရက်မြောက်နေ့တွင် သူသည် ဖျားနာလာခဲ့သည်။ ထို့ကြောင့် သူသည် ဆေးခန်းမှတဆင့် သတင်းပို့ခဲ့ပီး တနင်္လာနေ့မှစ၍ ဤနေရာ (ဝေဘာဂီဆေးရုံ)ကို ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

သူနှင့် ဆက်ဆံမှုရှိသောသူများမှာ ၄ နာရီခြားတခါ သူ၏ အရေးပေါ်လက္ခဏာများကို တိုင်းတာပေးသည့် သူနာပြုဆရာမများ၊ အစားအသောက် လာပို့ကြသူများ သို့ ဆရာဝန်တဦးတို့ဖြစ်သည်။ သူတို့အားလုံးဟာ ၀တ်စုံပြည့်ဝတ်ဆင်ပီး သူနေတဲ့အခန်းထဲ လာရောက်ကြည့်ရှုကြပါတယ်။

သူဟာ မြန်မာပြည်မှာ သူ့ဇနီးနဲ့အတူ နေထိုင်သူဖြစ်ပီး စနေနေ့မှာ စတင်ပီး အဖျားရောဂါကို စတင်ခံစားရပါတယ်။ အဖျားက မကျပဲ ဆက်တိုက်တက်နေတဲ့အတွက် စိတ်ပူကြောက်လန့်ပီး သက်ဆိုင်ရာဒေသဆေးရုံကို တနင်္လာနေ့မနက်မှာ သူ သွားခဲ့ပါတယ်။ နောက် သူပြောလိုက်တယ်။

“ကျနော် သိပ်နေမကောင်းဘူး”

နာရီအနည်းငယ်အကြာမှာတော့ အထွေထွေရောဂါကု ဆေးရုံကြီးတခုကို သူရောက်နေခဲ့တယ်။ သူ့ကို သီးသန့်ခွဲထားတဲ့ အခန်းတခုထဲမှာ ထားပီး ဆရာဝန်တွေက သွေးစစ်တယ်။ ဓာတ်မှန်ရိုက်တယ်။ အားလုံးကောင်းပေမယ့် အဖျားကတော့ မကျခဲ့ပါဘူး။

တနင်္လာနေ့ညနေပိုင်းမှာတော့ ဗိုင်းရပ်ကူးစက်တဲ့ အကြောင်းရိုက်ပြတဲ့ ရုပ်ရှင်တွေထဲကလို ၀တ်စုံပြည့်ဝတ်ဆင်ထားတဲ့လူတွေက သူ့ကို လူနာတင်ကားပေါ်တင်ပီး ဝေဘာဂီဆေးရုံကို ခေါ်ဆောင်သွားကြတယ်။ ၂ နာရီလောက် ကားစီးပီး လိုက်ပါသွားခဲ့ရတယ်။

လူနာတင်ကားရဲ့ နောက်ခန်းမှာ သူ တယောက်ထဲ ထိုင်နေခဲ့တယ်။ ၀န်ထမ်းတွေကတော့ သူနဲ့ သိပ်အနီးကပ်မနေဖို့ ကြိုးစားနေကြပုံပါပဲ။ “တမျိုးတော့ ကြောက်စရာကြီးပဲ” လို့ သူက ပြန်ပြောပြတယ်။

ကူးစက်တိုက်ဖျက်ရေးဆေးရုံက အခန်းကတော့ ကုတင်တလုံး၊ စားပွဲတလုံးပါရှိတယ်။ သီးသန့်ရေချိုးခန်းကော ရေပန်းကော ပါတယ်။ ဒါပေမယ့် ရေပူတော့ မရနိုင်ပါဘူး။ နံရံကပ် TV တလုံးရှိပေမယ့် အဲဒါက ပျက်နေပါတယ်။

ဒါပေမယ့် အင်တာနက်တော့ ရရှိတဲ့အတွက် Laptop နဲ့ လည်းကောင်း၊ Ph နဲ့လည်းကောင်း ချိတ်ဆက်ပီး ဆေးရုံကနေ အလုပ်ဆက်လုပ်လို့ရသလို အပျင်းပြေစေဖို့ ဖျော်ဖြေမှုတခုလဲ ရရှိသွားပါတယ်။ အသေတပ်ထားတဲ့ သံဇကာတွေကတော့ သူနဲ့ အပြင်ကမ္ဘာကို ခွဲခြားထားတယ်။ သူက မြန်မာလို မပြောနိုင်လို့ တခါတလေဆက်ဆံရတာ အခက်အခဲလေးတွေတော့ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၀န်ထမ်းတွေက သိပ်ကို သဘောကောင်းကြပီး သူ့ကို နားလည်မှုအပြည့်နဲ့ အကောင်းဆုံးဆက်ဆံကြပါတယ်လို့ သူက ပြောတယ်။

ဝန်ထမ်းတွေက ခင်ဖို့ကောင်းတယ်။ ပရော်ဖက်ရှင်နယ်ပီသတယ်။ အင်္ဂါနေ့ညကဆိုရင် သူစားချင်တဲ့ KFC ကြက်ကြော်ကိုတောင် ၀ယ်လာပီး လာပို့ပေးခဲ့တယ်။ ကျေးဇူးတင်ဖို့ သိပ်ကောင်းပါတယ်။

ဓာတ်ခွဲခန်းအဖြေကတော့ သူ့မှာ COVID-19 မရှိဘူးလို့ အကြောင်းပြန်လာပါတယ်။ ဒါပေမယ့် ဘယ်အချိန် သူအိမ်ပြန်ရမလဲတော့ သေချာမသိသေးပါဘူး။ မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနကတော့ နယူးဇီလန်သံရုံးနဲ့ ဆက်သွယ်ပီး ဆေးရုံတက်နေတဲ့လူနာကို ကူညီပေးနေပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ နောက်ဆုံးအချက်အလက်တွေအရ မြန်မာပြည်မှာ COVID-19 အတည်ပြုလူနာမရှိသေးပါဘူး။ နယူးဇီလန်မှာတော့ ၃ ဦး ကူးစက်မှုရှိပီး ပထမဆုံး လူလူချင်း ကူးစက်မှုကိုလဲ အင်္ဂါနေ့က တွေ့ရှိခဲ့ရပါတယ်။

(ဟာနာမာတင်- အုတ်ကလန် ကျန်းမာရေးသတင်းထောက် ရေးသားသည့် ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Nay Thway