အမေ ရိကန်၊ မတ်လ (၆)

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် လူ ၂ ဦး ထပ်မံ သေဆုံးကြောင်း ယနေ့သိရသည်။ ထို့ကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်သည်။

ထို့အပြင် COVID-19 အတည်ပြုလူနာ ၁၂ ဦးထပ်မံတိုးလာသဖြင့် COVID-19 အတည်ပြုပြီးသူ ၂၃၃ ဦးရှိလာခဲ့သည်။ ယင်းတို့အနက် ၁၄ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး၊ ၉ ဦးမှာ ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံးမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ရာ လက်ရှိတွင် COVID-19 အတည်ပြုလူနာ ၂၁၀ ရှိနေကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းတွေ ပြည့်ပြည့်စုံစုံမရှိဘူးလို့ ယနေ့ အမေရိကန်အိမ်ဖြူတော်ကလည်း ဝန်ခံလိုက်ပါတယ်။ အခုတစ်ပတ်အတွင်း စမ်းသပ်ပစ္စည်းအခုရေ ၁ သန်းပို့ဆောင်ပေးဖို့ ရည်မှန်းချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က မပြည့်မီနိုင်ဘူးလို့ ပြောပါတယ်။

ဗိုင်းရပ်စ်ပြန့်နှံ့မှုတိုက်ဖျက်နိုင်အောင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းပမာဏတော်တော်များများကို ခွင့်ပြုပေးဖို့ ကွန်ဂရက်လွှတ်တော်က ပုံမှန်မဟုတ်တဲ့အရှိန်နဲ့ လုပ်နေပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု ၉၀၀၀၀ ကျော်ရှိနေတယ်လို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။ ကူးစက်မှုအများစုက ရောဂါစတွေ့ရှိတဲ့တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါပြီ။

Ref – CGTN, worldometer