ကို ရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တားဆီးကာကွယ်မှုများပြုလုပ်နေပြီး အကျဉ်းထောင်များ၌ ချင်း(ဂျင်း)နှင့် ထန်းလျက်ကျိုချက်ပြီး တိုက်နေ သည်ဟု အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောကြားပါတယ်။

”ကျွန်တော်တို့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်နေပါတယ်။ အသိပညာပေးဟောပြောမှုတွေ လက်ကမ်းစာစောင်ဝေမှုတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် တွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ကြေညာချက်တွေ လုပ်ပါတယ်။ နောက်တချက်က ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ အကျဉ်းသား အကျဉ်းသူများကို ချင်း (ဂျင်း)နဲ့ ထန်းလျက်ကျိုချက် ပြီးတိုက်တဲ့အပြင် လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးကိုတိုက်နေပါတယ်။

ကိုရိုနာဗိုင်း ရပ်စ်တားဆီးရေးအတွက် ကြိုတင်ကာ ကွယ်တဲ့သဘောဖြစ်ပါတယ်။ နောက်ပြီးတော့ ရောဂါထိန်းချုပ်ဖို့အတွက် ဧည့်လာတွေ့သူတွေနဲ့ အကျဉ်းသား ကြားထဲမှာ မှန်အတန်းကာထားပါတယ်။ ဒါကြောင့် ဧည့်လာတွေ့တဲ့သူတွေနဲ့ အကျဉ်းသားတိုက် ရိုက်ထိတွေ့မှု တော့ မရှိပါဘူး။ ဝန်ထမ်းတွေကို လက်ဆေးဖို့၊ Mask တွေတပ်ဖို့ ညွှန်ကြားထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံ ရတဲ့ နိုင်ငံကလာတဲ့ နိုင်ငံခြားဧည့်သည်တွေကို ထောင်ဝင်စာအခန်းမဝင်ခိုင်းထားပါဘူး။ ပါဆယ်ထုပ်တော့ ယူထားလိုက်တယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသားအကျဉ်းသားများအား ဧည့်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး လေဆိပ်မှလည်း ကျန်းမာရေးစစ်ဆေးပြီးနောက် သက်ဆိုင်ရာသံရုံးမှနေတဆင့်ခွင့်တောင်းမှသာလျှင် ထောင်ဝင်စာဧည့်တွေ့ခွင့်ပေးကြောင်း၊ မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့ဆုံမှု ကန့်သတ်ခြင်းသည် တရုတ်နိုင်ငံနှင့်နီးစပ်သဖြင့် ကန့်သတ်ရခြင်းဖြစ်ကြောင်း၊

ဧည့်တွေ့မှုကို ပိတ်မှုမဟုတ်ဘဲ ထောင်တာဝန်ခံ၏ စီစဉ်ညွှန်ကြားမှုဖြင့် လုပ်ဆောင်နိုင်ကြောင်း၊ အားကစားနှင့် ကျန်းမာရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် ရန်ကုန်၊ မန္တလေးဗဟိုအကျဉ်းထောင်များအတွက် ကြိုတင်အသုံးစရိတ်အဖြစ် (က) အဆင့်ထောင် ကျပ်သိန်း ၅ဝ၊ (ခ) အဆင့်ထောင်အတွက် ကျပ်သိန်း ၂ဝ စီမံခန့်ခွဲဖို့ထုတ်ပေးထားကြောင်း သိရသည်။

ယင်းငွေမှာ ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် ကြိုတင်ဘတ်ဂျက်ငွေချပေးထားသည့် သဘောဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် နေပြည်တော်အကျဉ်းဦးစီးဌာနမှ ညွှန်ကြားချက် ၃ ကြိမ် ထုတ်ပြန်တပ်လှန့်ထားကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းက”ကျွန်တော်တို့အကျဉ်းထောင်မှာက လုံးဝအဖြစ်ခံလို့ မရဘူးလေ။ ဖြစ်တာနဲ့သိတဲ့ အတိုင်းပဲ”ဟု အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးဦးရဲရင့်နိုင်က ပြောသည်။

ခရစ်ဒက် News Watch