ရှ မ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးတွင် ယနေ့(မတ်လ ၆ ရက်)၊ နေ့လယ်ပိုင်းက ရဟတ်ယာဉ် ၁ စီးပျက်ကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့၊ နေ့လယ် ၃ နာရီ ၄၀ မိနစ်ခန့်တွင် တပ်မတော်သတင်းစာရှင်းလင်းပွဲသို့ သွားရောက်မည့် ရဟတ်ယာဉ် ၄ စီးအနက် ၁ စီးပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီနေ့နေ့လယ် ၃ နာရီ၊ ၄၀ မိနစ်လောက်မှာ ကောင်းခါးရွာကထွက်တယ်။ အဲဒီမှာ ရဟတ်ယာဉ် ၄ စီးမှာ ၁ စီးက လေပေါ်တက်တက်ချင်း ရွာရဲ့ကွင်းပြင်ထိပ်မှာပြန်ကျတယ်။ ကွန်ကရစ်မီးတိုင်ကိုတိုက်မိတယ်။ ၃ ဦး ဒဏ်ရာရတဲ့အထဲက ၁ ဦးကတော့ ဦးခေါင်းတော်တော်ထိတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်သံမှူးတွေ၊ အရာရှိတွေပါတယ်။ ကောင်းခါးရွာကနေ လားရှိုးကိုအပြန်မှာဖြစ်တာပါ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်ရက်ပိုင်း၌ ငွေကျပ် ၃၈ ဘီလျံကျော်တန်ဖိုးရှိသည့်မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့သေးသည်။

အကုန်သိ