အမေ ရိကန်ရဲ့ ကမ်းခြေနှစ်ခုစလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်မှာပဲ အိမ်ဖြူတော်က နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေး ကိရိယာ လုံလုံလောက်လောက် မရှိဘူးဆိုပြီး ဝန်ခံပြောလာပါတယ်။

ဒီ သီတင်းပတ်အတွင်းမှာ ကိုရိုနာစစ်ဆေးရေးကိရိယာ တစ်သန်း ဖြန့်ဖြူးပေးမယ့် ရည်မှန်းချက်ကို ထရမ့်အစိုးရအတွက် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဒုတိယသမ္မတ မိုက်ပန့်က ပြောလာတာ ဖြစ်ပါတယ်။

တစ် ချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကွန်ဂရက်လွှတ်တော်ဟာ များပြားလှတဲ့ အရေးပေါ်အကူအညီတွေကို ထုံးစံမဟုတ်ဘဲ အတည်ပြုနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်လျက် ရှိပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၉၂၀၀၀ ကျော်ထက်မနည်း ရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

အများဆုံး ကူးစက်ဖြစ်ပွားမှုကတော့ ကမ္ဘာ့ကို ဗိုင်းရပ်စ် စတင်ပျံ့နှံ့စေတဲ့ မူလရင်းမြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဖြစ်ပြီး ၈၀၀၀၀ ကျော် ကူးစက်ပြီး ၃၀၀၀ ကျော်ထက်မနည်း သေဆုံးထားပါတယ်။

အမေရိကန်မှာ ကိုရိုနာကြောင့် သေဆုံးသူ ကြာသပတေးနေ့အထိ ၁၂ ဦးအထိ မြင့်တက်ရောက်ရှိပြီး တစ်ဦးကလွဲလို့ ကျန်သေဆုံးသူတွေဟာ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်က ဖြစ်ပါတယ်။

ပြည်နယ် ၂၀ မှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

တနင်္လာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ အစားအစားနှင့် ဆေးဝါးစီမံခန့်ခွဲမှု ကော်မရှင်နာမင်းကြီး စတီဗင်ဟန့်က ဒီ သီတင်းပတ်အတွင်းမှာပဲ ကိုရိုနာစမ်းသပ်ကိရိယာ တစ်သန်းကျော် ဖြန့်ဝေပေးဖို့ အသင့်ဖြစ်လိမ့်မယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဒုတိယသမ္မတ မိုက်ပန့်က အဲဒီ ရည်မှန်းချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်လိမ့်မှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့က ဝန်ခံပြောကြားလာတာပဲ ဖြစ်ပါတယ်။

Writer မောင်သံဆင့်(XYZ News)
Credit-DailyHotNews