ကို ရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရှိသူ 6284 ယောက်ဖြစ်သွားပါပြီ။ 663 ယောက်အသစ်တိုးပါတယ်။ မစိုးရိမ်ကြပါနဲ့။ ကိုရီးယားရဲ့ သေနှုန်းက 40 ပဲရှိတာမို့ ကျန်းမာရေးဝန်ဆောင်မှု အတော်ကောင်းတယ်လို့ပြောလို့ရပါတယ်။ နောက်တခုက အခုအချိန် လူအများကြီးတွေ့တာက SCJ church ဘုရားကျောင်းက လူတွေအကုန်လုံးကို ဖိဖိဆီးဆီးစစ်နေလို့ အများကြီးပေါ် လာတာပါ။

အီရန်နဲ့ အီတလီမှာတော့ သေနှုန်းမြင့်ပါတယ်။ အီတလီမှာ ရောဂါရှိသူ 3858 ယောက်၊ သေသူ 148 ယောက်။ အီရန်မှာ ရောဂါရှိသူ 3513 ယောက်၊ သေသူ 108 ယောက် ရှိပါပြီ။

စင်ကာပူကမိသားစုဝင်တွေအတွက်လည်း မစိုးရိမ်ကြပါနဲ့။ စင်ကာပူက မနေ့က 5 ယောက်ပဲတိုးပါတယ်။ စင်ကာပူဟာ အချိန်မီထိန်းချုပ်နိုင်လိုက်သလို၊ တယောက်မှ ဖိတ်စင်မှုမရှိအောင် အစွမ်းကုန်ကြိုးစားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကအလုပ်သမားဟာ အရင်ကတည်းက ကျန်းမာရေးမကောင်းသူပါ။ ဒါတောင်ရအောင်ကယ်ပါတယ်။ ပြီးတော့ $10000 မိသားစုကို ထောက်ပံ့ထားပါတယ်။ စင်ကာပူရဲ့ ကျန်းမာရေး facilities နဲ့ ဆရာဝန်တွေ ဘယ်လောက်တော်လဲ ပြနိုင်အောင်လုပ်နေတာတွေ့ရပါတယ်။ စင်ကာပူကကျန်းမာရေးဝန်ဆောင်မှုအတွက် နာမည်ကြီးမလား။

COVID-19 ဟာ ကမ္ဘာ့နိုင်ငံ ၈၉ နိုင်ငံအထိ ကူးစက်သွားပါပြီ။ ၂၄ နာရီအတွင်း ထပ်တိုးလာတဲ့ ၅ နိုင်ငံကတော့ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ဂျီဘယာတာ၊ ဟန်ဂေရီ၊ စလိုဗေးနီးယားနှင့် ပါလက်စတိုင်းတို့ ဖြစ်ပါတယ်။

ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 98420 ယောက်၊ သေသူ 3385 ယောက်။ ပြန်ကောင်းသူ 55622 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 16% က အသည်းအသန်ဖြစ်ပါတယ်။ ပိတ်လိုက်တဲ့ case 59007 မှာ 55622 ပြန်ကောင်းပြီး 3385 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 6% ရှိမြဲပါ။

တရုတ်နိုင်ငံစာရင်းကတော့ – ရောဂါကူးစက်သူ ၈ဝ၅၅၂၊ – သေဆုံးသူ – ၃ဝ၁၂ ဦး (ဟူပေပြည်နယ်တွင် ၂၉ဝ၂ ဦး) – ပြန်လည်ကောင်းမွန်လာသူ ၅၂၂၆၉ ဦး ဖြစ်ပါတယ်။

တရုတ်နိုင်ငံပြင်ပ သေဆုံးစာရင်းကတော့ – အီတလီ ၁၄၈၊ – အီရန် ၁ဝ၇၊ – တောင်ကိုရီးယား ၃၅၊ – အမေရိကန်ပြည်ထောင်စု ၁၂၊ – ဂျပန် ၆၊ – ပြင်သစ် ၆ – စပိန် ၃၊ ဟောင်ကောင် ၂၊ – အီရတ် ၂၊ – ဩစတြေးလျ ၂၊ – ထိုင်ဝမ် ၁၊ – ဖိလစ်ပိုင် ၁၊ – ထိုင်း ၁၊ – ယူကေ ၁၊ – ဆွစ်ဇာလန် ၁၊ – ဆန်မာရီနို (ဥရောပ) ၁၊ – Diamond Princess အပျော်စီးသင်္ဘော ၆ ဖြစ်ပါတယ်။

Richard Myo Thant
(6-March-2020)