ဂီတေ လာကရဲ့ ပညာရှင်တစ်ဦးဖြစ်သူ တယောဦးတင်ရီဟာ ယနေ့နံနက်ပိုင်းမှာ ဆုံးပါးသွားပြီဖြစ်ကြောင်း သိရပါတယ်။

တယောပညာရှင်တစ်ဦးဖြစ်တဲ့အပြင် တယောသင်တန်းတွေလည်း ဖွင့်လှစ်ထားတဲ့ ဦးတင်ရီကိုတော့ ပရိသတ်တွေ သိကြမှာပါ။ တယောဦးတင်ရီဟာ ယနေ့ ၆ ရက် မတ်လမှာ ဆုံးပါးသွားပြီဖြစ်ကြောင့် ဂီတလောကသားတစ်ဦးဖြစ်သူ ဂစ်တာနိုင်ဇော်က အတည်ပြုပေးထားတာဖြစ်ပါတယ်။

ဂစ်တာနိုင်ဇော်က အဘရဲ့ သားဖြစ်သူဆီကနေ ဆုံးပါးသွားကြောင်း သိရှိခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း ယခုလိုရေးသားထားတာပါ။

“တယောဦးတင်ရီကွယ်လွန်တာအမှန်ဖြစ်ကြောင်းကျနော့်သူငယ်ချင်း ညီလတ်(အဘရဲ့သား) ဆီကအတည်ပြုချက်ရပါပြီ စိတ်မကောင်းပါဘူးအဘ”

ဂီတလောကရဲ့ ပညာရှင်လို့ဆိုရမယ့် တယောဦးတင်ရီ ဆုံးပါးသွားတာဟာ ပရိသတ်တွေအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ တယောဦးတင်ရီ ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိနိုင်ပါစေလို့ ပရိသတ်တွေနဲ့အတူ ဝမ်းနည်းစွာဆုတောင်းလိုက်ရပါတယ်။

ဝီလက်ဖ်ဆယ်လီ