စစ် ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းမြောက်ရွာနေသူ အဖ ဦးကျော်သင်း အမိ ဒေါ်ခင်အုန်းမြင့် တို့၏ သမီးဖြစ်သူ ဖော်ပြပါ ဓာတ်ပုံပိုင်ရှင် မယမုံဇင် အသက်(၂၅)နှစ် အရွယ် အမျိုးသမီး ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက ဆက်သွယ် အကြောင်းကြားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။

ဖြစ်စဉ်မှာ ပျောက်ဆုံးနေသူ အမျိုးသမီးသည် သူမ၏ ခင်ပွန်းဖြစ်သူမှ လိုက်လာရန်ပြောသဖြင့် သူမနေရပ်ကနေ မြစ်ကြီးနားမြို့သို့ သွားမည်ဟုဆိုကာ ၂၀.၂.၂၀၂၀ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်က ထွက်သွားခဲ့ရာမှ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးပဲ ပျောက်ဆုံနေကြောင်း သိရသည်။

အဆိုပါ မယမုံဇင် အသက်(၂၅)နှစ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် တိုင်တန်းကာ လူပျောက်အမှုဖွင့်ထားကြောင်း အထောက်အထားများနှင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြကြော်ငြာပေးပါရန် ကူညီဆောင်ရွက်သူ တလိုင်းကျေးရွာနေ ဦးအောင်မြတ်မင်းမှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပေးပို့ အကူအညီတောင်းခံလာခဲ့ပါသည်။

ထို့ကြောင့် ဖော်ပြပါ ဓာတ်ပုံပိုင်ရှင် မယမုံဇင် အသက်(၂၅)နှစ် အရွယ် အမျိုးသမီးအား တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် လက်ဆင့်ကမ်း မျှဝေပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာမှ ထပ်ဆင့်အကူအညီတောင်းခံပေးလိုက်ပါသည်။

ဆက်သွယ်ရန် – 09694548999

ပေးပို့အကူအညီတောင်းခံသူ – ဦးအောင်မြတ်မင်း AlinnMyay(အလင်းမြေ)