အက် စတာကတော့ Myanmar Idol Season-4 Winner တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ချင်းမလေး အက်စတာကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေအများကြီးက အားပေးဝန်းရံခဲ့ကြပြီး အခုဆိုရင် အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ် ။

ပွဲတော်တော်များများကိုတက်ရောက်နေသလို ရှိုးပွဲတွေဆက်တိုက် ဆိုနေရတဲ့ အက်စတာလေးကတော့ အခုဆိုရင် ကြော်ငြာရိုက်ကူးဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့သိရပါတယ် ။ နောက်တစ်ပတ်လောက်ဆိုရင်တော့ အက်စတာ ရိုက်ကူးထားတဲ့ ကြော်ငြာလေးကို ပရိသတ်တွေကြည့်ရှုရတော့မှာဖြစ်ပါတယ် ။ အက်စတာ သူမရဲ့ကြော်ငြာရိုက်ကွင်း ပုံရိပ်လေးကိုမိုင်ဒေးမှာတင်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးကလည်း အက်စတာရဲ့ ကြော်ငြာလေးကို ကြည့်ချင်နေကြပြီထင်ပါတယ် ။

အက်စတာရဲ့ We Love လေးတွေကလည်း သူတို့ Idol ရဲ့ကြော်ငြာလေးကိုကြည့်ရဖို့ရင်ခုန်နေကြပြီထင်ပါတယ် ။ အခုတော့ ကြော်ငြာမထွက်ခင် ရှုတင်ရိုက်ကွင်းပုံရိပ်လေးတွေကို အက်စတာကိုချစ်ကြတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ။

Credit