နာမ ည်ကြီးမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ် မေတိုးခိုင်ကိုတော့ လူသိများသလို အခုဆိုရင် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း လူသိများလာပြီဖြစ်ပါတယ်။မေတိုးခိုင်ကိုတော့ အနုပညာလောကမှာ အလားအလာရှိတဲ့တက်သစ်စတွေထဲကတစ်ယောက်လို့သတ်မှတ်ထားပြီး

ပွင့်လင်းဖော်ရွေတဲ့ပုံစံလေးကြောင့် ပရိသတ်တွေက ချစ်နေရတာလည်းဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်အတွင်းမှာ ရုံတင်ခဲ့တဲ့ “ရူးအောင်ချစ်မယ့်လူ” ဆိုတဲ့ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အနေနဲ့ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားသလို ဒီဇာတ်ကားဟာအကယ်ဒမီဆန်ခါတင်စာရင်းဝင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။မေတိုးခိုင်ကတော့

တက်သစ်စမင်းသမီးအချင်းချင်း ပိုးမမှီသာကို ချီးမွမ်းစကားဆိုလိုက်ပါတယ်။ပိုးမမှီသာကတော့ လက်ရှိရုံတင်နေပြီဖြစ်တဲ့ ပိတောက်ကတဲ့ဂီတ ဆိုတဲ့ ဇာတ်ကားကြီးမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာပါ။ပိုးမမှီသာရဲ့ပထမဆုံးဇာတ်ကားကြီးဖြစ်သလို သင်္ကြန်ဇာတ်လမ်းလေးလည်း ဖြစ်တာကြောင့်

ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာကို ရရှိထားတာပါ။ ဒီဇာတ်ကားမှာ ပိုးမမှီသာရဲ့သရုပ်ဆောင်မှုကို “ပိုးရဲ့ပထမဆုံးကားလို့တောင်မထင်ရတဲ့ ဖူးတို့ ရဲ့ ဆရာဝန်မလေး ပိုး သိပ်တော်လွန်း” ဆိုပြီးတော့ သူ့ရဲ့ဖေဘွတ်ခ်မှာ ရေးသားထားပါတယ်။ပိုးမမှီသာကတော့ ဒီဇာတ်ရုပ်မှာအကောင်းဆုံးကြိုးစားထားတာဖြစ်ပြီး ပရိသတ်တွေဆီကရရှိမယ့်မှတ်ချက်တွေကတော့ ရင်ခုန်စရာပါ။ပိုးရဲ့သရုပ်ဆောင်ချက်တွေကြောင့် မေတိုးခိုင်ကတော့ အပြည့်အ၀၀န်းရံနေပါပြီနော်….