မီးမီးခဲကတော့ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးခြင်းကိုရရှိထားသူဖြစ်ပြီး လတ်တလောမှာတော့ သြစတေးလျနိုင်ငံမှာနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။သူကတော့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး မကြာသေးခင်ကမှ ချစ်ရတဲ့ပရိသတ်တွေရှိတဲ့မြန်မာနိုင်ငံကိုပြန်လာကာ တစ်ကိုယ်တော်ရှိုးပွဲလေးပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီပွဲမှာတော့

ချစ်ရတဲ့သမီးလေးကိုပွဲထုတ်ခဲ့ပြီး အခုတော့သူနေထိုင်ရာ သြစတေးလျကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ သြဇီမှာနေထိုင်သူဖြစ်ပေမယ့်လည်း မြန်မာပြည်ကချစ်ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေအမြဲမျှဝေပေးလေ့ရှိတဲ့ မီးမီးခဲကတော့ ဒီနေ့မှာလည်း ဝူဟန်ဂယက် သြဇီမှာရိုက်ခတ်နေကြောင်းကို

ပြောပြခဲ့ပါတယ်။“ကျွန်မနေတဲ့Aussie Sydney, New South Wales ပြည်နယ်မှာတော့လူတွေက Corona Virus ကြောင့် Toilet Paper တွေအားလုံး Sold Out ပါတဲ့” ဆိုပြီး ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သြဇီမှာလတ်တလောကြုံတွေ့နေရတဲ့အခက်အခဲတွေကို မျှဝေခဲ့ပါတယ်။ဒါ့အပြင် “ကျွန်မတို့အိမ်ကတော့ မြန်မာပြည်စတိုင်လ် ရေရှားပေမယ့် ရေပိုက်ကို သုံးတာမို့ ကျွန်မတစ်မိသားစုလုံး

ငြိမ်းချမ်းနေလေရဲ့….လူတွေယောက်ယက်ခတ်အောင်တိုးကြဝေ့ကြ ဈေးတွေအလုအယက်ဝယ်နေကြတာ အလှူပေးသလိုပါပဲ.. ဒီနေ့ဈေးကအပြန် စဉ်းစားမိတာက မရေရာတဲ့လောကကြီးအလယ်ရှောင်ဖယ်မရတဲ့ ဒီသေခြင်းကို ကွေကွင်းအောင် ရှောင်ရှားမရတာကို အားလုံးနှလုံးသွင်းစေချင်ပါတယ်” ဆိုပြီးတော့လည်း လတ်တလောကမ္ဘာတစ်ဝှမ်းဖြစ်နေတဲ့ဝူဟန်ဗိုင်းရပ်စ်ကြောင့်

သံဝေဂရမိကြောင်းကို ရေးသားခဲ့ပါတယ်။ ပရိသတ်ကြီးရေ တရုတ်နိုင်ငံ၊ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်အထိသေဆုံးသူ ၃၂၈၃ ယောက်ရှိနေပြီဖြစ်ပြီး ဖြစ်ပွားနိုင်ငံ (၈၃)နိုင်ငံအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာအခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူမှုမြင့်တက်နေတာဖြစ်ပြီး သြဇီမှာလည်း အိမ်သာသုံးစက္ကူတွေ ရောင်းစရာပြတ်သွားပြီဆိုတဲ့အကြောင်း မီးမီးခဲက မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Credit