ဥက္ကာ မင်းမောင်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ သူပါ။လတ်တလောမှာတော့ ဥက္ကာမင်းမောင်ဟာ နယူးယောက်မှာ နေထိုင်လျှက်ရှိပြီး အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းကို ရပ်နားထားခဲ့ပါသေးတယ်။

လ တ်တလောမှာတော့ ဥက္ကာမင်းမောင်ကတော့ လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က ရုပ်ရှင်သရုပ်ဆောင်လုပ်နေခဲ့စဉ်ကာလက ဦးကျော်ဟိန်းနဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဟောင်းလေးကို ပြန်ကြည့်ပြီး အမှတ်တရတွေကို သတိတရရှိနေမိတဲ့အကြောင်းကို “ဦးကျော်ဟိန်းနဲ့ရိုက်ခဲ့တဲ့ ကိုယ့်ဇာတ်ကားအဟောင်းလေးပြန်ကြည့်ရင်း ကြည့်သာ ကြည့်နေတာ ကိုယ်မဟုတ်သော တခြားတယောက်ကို ကြည့်နေရသလိုပဲ ဪ ၁၂ နှစ်ကျော်တောင်ကြာခဲ့ပြီ ပြန်တွေးရင်လဲအမှတ်တရတွေအများကြီးပဲ

ဦးကျော်ဆူတာလဲ ခံရသေးတယ်။ဆရာဦးညီညီအောင်ဆီကလဲ ပညာတွေအများကြီးရပါတယ်။”လို့ တစ်ကားထဲသာအတူတူရိုက်ဖူးခဲ့ပေမဲ့ ပညာတွေအများကြီးရခဲ့တယ်လို့လည်းဆိုထားပါသေးတယ်။CeleGabar ပရီသတ်ကြီးရေ ဥက္ကာမင်းမောင်ကတော့ လွန်ခဲ့တဲ့ (၁၂)နှစ်ပုံနဲ့ အခုပုံကတော်တော်လေးကိုလည်း ကွဲပြားသွားတယ်နော်။

Chilli – CeleGabar
Source – Ye Htoo Win