တစ်ေ ခတ်တစ်ခါ ဆယ်စုနှစ်တွေက ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို သိမ်းပိုက်ခဲ့ပြီး အနုပညာလောကနဲ့ ကြော်ငြတွေ ဇာတ်ကားတွေနဲ့ TV ဖန်သားပြင်တွေမှာ အခိုင်အမာနေရာယူခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းသရုပ်ောဆင်မင်းသမီးချောကတော့ အကယ်ဒမီထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်နော်..။ ထက်ထက်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ သူမကတော့ လွန်ခဲ့တဲ့နှစ်တွေက

အချိန်တစ်ခုအထိ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး မကြာခင်ကမှ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေပြီး အခုဆိုရင် ကြော်ငြာတွေနဲ့ ဇာတ်ကားတွေအပြင် အခြားအနုပညာအလုပ်တွေကိုပါ တစိုက်မတ်မတ် ပြန်လည်လုပ်ဆောင်နေတာလည်း ဝမ်းသာအားရ တွေ့မြင်ရပါတယ်နော်..။ အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ ပရိသတအချစ်တော် ထက်ထက်မိုးဦးကတော့ အမြဲတမ်း အကောင်းဘက်ကနေ တွေးဖြစ်တဲ့အကြောင်းလေးတွေနဲ့ ဘဝခဏလေးမှာ

ကျန်ရှိနေတဲ့ အချိန်တွေကို အလှူအတန်းတွေလုပ်ပြီး နေသွားချင်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ဟပြောပြလာခဲ့ပါတယ်..။ အကောင်းဘက်က နေပေးဖြစ်တယ်ဆိုတာက အသက်အရွယ်ရလာတာနဲ့အတူ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေကလည်းများသလို အမှန်အမှား အကောင်းအဆိုး သိတာ မသိတာတွေ အကောင်းအဆိုးတွေနဲ့ပဲ ဖြတ်သန်းလာရတာမို့ ကိုယ်ဖြတ်

သန်းလာတာကို ပညာယူပြီး“သေရင်ဘာမှမှ မပါတာ ကိုယ်လှူဒါန်းခဲ့တာတွေကို အကုန်လုံးကို အမျှဝေပေးတယ် သတိတရနဲ့ မေတ္တာပြန်ပို့ပေးတယ် လူ့ဘဝက ခဏလေးမှာ ကျန်ရှိတဲ့အချိန်လေးကို တက်နိုင်သလောက် အားလုံးအလှူအတန်းလေး လုပ်ပြီး ဘဝကို ဖြတ်သန်းသွားချင်တယ်လို့ တွေးထားတယ်..”

ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။ ထက်ထက်ကတော့ လတ်တလောမှာလည်ုးရုပ်ရှင်ဇာတ်ကားကြီးတွေက ဆက်တိုက်ရိုက်ရပြီဖြစ်တာကြောင့် ဝမ်းသာရပြီး ကြိုးလည်း ကြိုးစားနေသလို သမီးလေးနဲ့ ပတ်သက်ပြီးတော့လည်း သမီးလေး ဝါသနာပါတာလေးကိုပဲ ပံ့ပိုးပေးဖြစ်မယ့်အကြောင်းလေးကိုလည်း

ပြောပြထားပါသေးတယ်နော်..။ မိဘတိုင်းကတော့ ကိုယ့်သားသမီးဝါသနာပါမယ့်ဥစ္စာကိုပဲ အားလုံးကတော့ ကြည့်နေရတာဖြစ်ပြီး အဆိုးအကောင်းလေး ခွဲခြားပေးပြီးတော့မှပဲ လမ်းကြောင်းပေးကြတာချည်းပါပဲဆိုပြီး ပြောပြထားတဲ့ ထက်ထက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။