ပိုက် ဆံ ၅၀ နဲ့ အနာဂတ်နိုင်ငံတော်ရဲ့ ရင်သွေးတွေကို ကင်ဆာအဖြစ် ခံနေကြဦးမှာလား?

ခလေးတွေအတွက် Share ပေးပါ
ဒီမနက်ဆင်ရွာမှာ ဖိုးတရုပ်ကို သူ့အမေက ဈေးဆိုင်ကမုန့်ဝယ်ကြွေးတယ် ပုံမှာပါတဲ့အသားပြားမုန့်တဲ့ ၅၀ ကျပ်ပေးရတယ် သူ့အကို ဖိုးကတုံး ကပြောတယ် အဲ့တာတရုပ်မုန့်တဲ့ နေ့တိုင်းစားမှသေတာတဲ့ တခါတခါစားရင်တော့ ဘာမှမဖြစ်ဖူးတဲ့.. သူ့ညီလေးကိုပြောပြနေတာ။

ကျွန်တော်ဘေး ကအသာနားထောင်ရင်းစိတ်မကောင်းဖြစ်လို့ ဒီစာကိုရေးတယ် အနံ့ကလဲ တရုပ်မဆလာနံ့လိုလို အသားညှီနံ့လိုလို ခပ်စူးစူး ကြီး ငရုပ်နံ့လို မွှန်မွှန် ကလေးက အားရပါးရစားနေတယ်ဗျာ.. အဲလိုမုန့်မျိုးတွေ ၇၃/၂၈ လမ်း မင်းသီဟ နားမှာ တွန်းလှည်းတွေ စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ လက်ကားရောင်းနေကြတာ ကြိတ်ကြိတ်တိုး

ကလေးတွေအတွက် ကလေးမုန့် လိုပါတယ် ဒီဆိုင်မျိုးတွေလိုပါတယ် ဒါပေမဲ့ ဒီလိုမုန့် အရည်အသွေးကိုစိစစ်ဖို့ အန္တရာယ်ကင်းဖို့ လုံခြုံဖို့ ဘာတွေတာဝန်ယူထားသလဲ ဘယ်သူတွေစိစစ်နေသလဲ.. ဖိုးကတုံးလေး သူ့အသည်းတွေ အဆုတ်တွေ ကလီစာလေးတွေက နုနုလေးတွေ သိပ်ကျမ်းမာပြီး လတ်ဆတ် သန့်ရှင်းနေကြမှာ

ဒီမုန့်တွေက ဘာတွေလဲ ဘယ်ကလာတာလဲ ဘယ်သူတွေထုတ်တာလဲ ဘယ်သူတွေရောင်းနေလဲ ဘယ်သူတွေကစီစစ်သလဲ ဘယ်လောက်ထိ ပျှံနှံ့နေပြီလဲ သေချာပေါက်ကတော့ ငွေ၅၀နဲ့ရောင်းတဲ့မုန့် ပါကင်ခက အထဲကမုန့်ထက်ဈေးများလိမ့်မယ် အထဲမှာဘာတွေထည့်ထားသလဲ ကျောင်းတောင်မနေရသေးတဲ့ အနာဂါတ်ဗမာပြည်ရဲ့ ရင်သွေးလေးတွေ လုပ်ကြပါဦးဗျာ …

စမတ်စီတီးတွေ မြေအောက်မြို့တော်တွေ အီးဂါးဗားမင့်တွေ အော်နေမည့်အစား ကလေးတွေ လက်ထဲက ပါးစပ်ထဲက အဆိပ်အတောက်တွေကို တားဆီးပေးကြပါအုန်း ကျနော်တို့ လူထုအင်အားနဲ့ ဘာကူညီရမလဲ စည်ပင်တို့ ဌာနဆိုင်ရာတို့ အစိုးရမင်းတို့ နဲနဲလေး အားထည့်ပေးကြပါအုန်းဗျာ.. ကျနော်ကြည့်ရင်းနဲ့ အတော်စိတ်မကောင်းဖြစ်မိတယ် မြန်မာ့အနာဂါတ်ကို ကျနော့်လိုကင်ဆာ မဖြစ်စေချင်ဖူးဗျာ..

လေးစားစွာဖြင့် ခရစ်ဒက် ……Lay Naing