ရန် ကုန်၊ မတ် ၎

၂၀.၂.၂၀၂၀ရက်နေ့၁၇၃၀အချိန်တွင်တောင်ဥက္ကလာပမြို့နယ်၊(၁၂)ရပ်ကွက်မာဃ(၄)လမ်း၊အမှတ်(၆၉၄)နေ တရားလိုဦး—–သည်နေအိမ်၌ရှိနေစဉ်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်(၁၀၈)ရပ်ကွက်ကျန်စစ်သားလမ်းအမှတ်(၇၀၅)နေ၎င်း၏အစ်မတော်စပ်သူဒေါ်မြင့်မြင့်သန်း မှာနေအိမ်အတွင်းပက်လက်အနေအထားဖြင့်သွေးအိုင်ထဲ၌လဲကျသေဆုံးနေကြောင်းအသိတစ်ဦးမှဖုန်းဆက်အကြောင်းကြားသဖြင့်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ၎င်း၏အစ်မဖြစ်သူဒေါ်မြင့်မြင့်သန်း(၇၂)နှစ်၏ဦးခေါင်းနောက်စေ့(၁)လက်မခန့်သွေးထွက်ပေါက်ပြဲဒဏ်ရာ(၁)ချက်ဝဲပခုံးရှေ့ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍အစ်မဖြစ်သူသေဆုံးမှုနှင့်ပတ်သက်၍စုံစမ်းဖော်ထုတ်အရေးယူပေးပါရန်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းသို့အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကအမှုမှတရားခံအား အမြန်ဖော်ထုတ်ဖမ်းဆီးရန်ညွှန်ကြားချက်အရအရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏အနီးကပ်ကြီးကြပ်မှုဖြင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များနှင့်မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည်အမှုမှတရားခံဖမ်းဆီးရမိရေးအတွက်အခင်းဖြစ်ရပ်စစ်ဆေးခြင်းပတ်ဝန်းကျင်သက်သေများအားစစ်ဆေးမေးမြန်းခြင်းပြုလုပ်ရာ၁၉.၂.၂၀၂၀ရက်နေ့တွင်အခင်းဖြစ်နေအိမ်သို့ယခင်ကပန်းရံလုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူမင်းသူလာရောက်ခဲ့ကြောင်း၎င်းမှာလှိုင်သာယာမြို့နယ်(၆)ရပ်ကွက်သုခလမ်းသွယ်(၃)လမ်းတွင်နေထိုင်ကြောင်းစုံစမ်းသိရှိရသဖြင့်၂၅.၂.၂၀၂၀ရက်နေ့တွင်၎င်း၏နေအိမ်သို့သွားရောက် စုံစမ်းရာမင်းသူ(ခ)အောင်မင်းစိုး(ခ)မင်းသူနိုင်မှာ၂၁.၂.၂၀၂၀ ၂၃၀၀ အချိန်တွင် မန္တလာမင်းအမြန်ယာဉ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားကြောင်း၎င်းသည်ကာလတန်ဖိုးငွေ(၁၅)သိန်းခန့်ရှိကျောက်နီလက်စွပ်(၁)ကွင်းနှင့်ငါးရိုးဆစ်ပုံရွှေဆွဲကြိုး(၁)ကုံးတို့အားလှိုင်သာယာမြို့နယ်မီးခွက်ဈေးရှိပုဂ္ဂလိကအပေါင်ဆိုင်တွင်ပေါင်နှံထားကြောင်းသိရှိရသဖြင့်သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူဒေါ်မြင့်မြင့်သန်းဝတ်ဆင်ခဲ့သောပစ္စည်းများဖြစ်ကြောင်းသိရှိရ၍ရရှိသတင်းအပေါ် မျက်ခြေပြတ်မခံဘဲလိုက်လံစုံစမ်းဖမ်းဆီးရာ၎င်း၏ရည်းစားဖြစ်သူငှားရမ်းနေထိုင်သောပုဗ္ဗသီရိမြို့နယ်ရတနာဒီပရပ်ကွက်သစ်ခွလမ်းအမှတ်(၁၅၁၈)ငနေအိမ်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူမင်းသူ(ခ)အေသူာင်မင်းစိုး(ခ)မင်းသူနိုင် ၂၀.၂.၂၀၂၀ ရက်နေ့၁၀၀၀ အချိန်တွင် အခင်းဖြစ်နေအိကိုအမှုဖြင့်အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ၎င်းသည်မ်၌ တံခါးလက်ကိုင်ကွင်း သွားရောက် တပ်ဆင်ပေးခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်မြင့်မြင့်သန်း မှ ၎င်းအား ‘‘လက်ကိုင်ကွင်းတပ်တာ ကြာတယ်၊ အသုံးမကျဘူး” ဟု ပြောဆိုသဖြင့် စိတ်ဆိုးဒေါသဖြစ်ပြီး အပြန်အလှန်စကားများခဲ့ကြကြောင်း၊ ထို့နောက် တံခါးအနီးတွင်တွေ့ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ဒေါ်မြင့်မြင့်သန်း ၏ ဦးခေါင်းအား(၁)ချက်၊ လည်ပင်းအား (၂)ချက်ရိုက်၍ ပက်လက်လန်လဲကျသွားကြောင်း၊ ထို့နောက် ဒေါ်မြင့်မြင့်သန်း ၏ ခန္ဓာကိုယ်တွင် ဝတ်ဆင် ထားသည့် ရွှေလက်ကောက်(၁)ကွင်း၊ ကျောက်နီပါ ရွှေလက်စွပ်(၁)ကွင်း၊ ကျောက်နီနားကပ်(၁)ရံ၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် Mi အမျိုးအစား ဖုန်း(၁)လုံးတို့အား ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှ သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လေးစားစွာဖြင့် ခရစ်ဒက် …… YangonPolice