ဆ က္ၿပီးကံေကာင္းပါေစ ျမန္မာျပည္

ဘယ္သူေတြဘာေျပာေျပာ UK ရဲ႕ နံမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ March 3 ရက္ေန႔ထုတ္ The Sun သတင္းစာမွာေတာင္ ကမာၻေပၚကအားလပ္ရက္ခရီးသြားမယ့္သူေတြအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကင္းစင္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံကိုထည့္သြင္းထားပါတယ္။

ဒီေနရာမွာတစ္ခ်ိဳ႕သူေတြက ျမန္မာအစိုးရကမ်ား ဗိုင္းရပ္စ္နဲ႔ပတ္သတ္ၿပီး သတင္းအေမွာင္ခ်ထားလား ၊ ဖုံးဖိထားသလားဆိုၿပီး သံသယ ရွိေနၾကပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ လူဦးေရ သန္းငါးဆယ္ေက်ာ္ မိုဘိုင္းဆင္းမ္ကတ္ သန္း ေျခာက္ဆယ္ေက်ာ္ အမ်ားစုက ႏွစ္ကတ္ကိုင္ထားၾကပါတယ္။
ရွိသမွ်ဆင္းမ္ကဒ္တိုင္းက အင္တာနက္ ( FB) ဖြင့္ထားၾကပါတယ္။ ဒီေတာ့ ဒီလို ရပ္ေက်ာ္ ႐ြာေက်ာ္ေသမယ့္သတင္းမ်ိဳးကို ဖုံးဖိထားဖို႔ဆိုတာ ေတာ္ေတာ္မျဖစ္ႏိုင္တဲ့ကိစၥပါ။

ကြၽန္ေတာ္ကေတာ့ ဒီကိစၥမွာအစိုးရရဲ႕က်န္းမာေရးဝန္ႀကီးဌာနကိုအကြၽင္းမဲ့ ယုံ​​ၾကည္ပါတယ္။ ဒါဟာဖုံးကြယ္ထားလို႔ရတဲ့သတင္းမဟုတ္သလို ဖုံးဖိထားဖို႔လည္းမလိုအပ္လို႔ပါပဲ။

အခုအျခအေနအတိုင္းကိုသာ ဆက္ထိန္းထားႏိုင္ခဲ့ရင္ အဆိုးထဲကအေကာင္းျဖစ္လာပါလိမ့္မယ္။ လတ္သေလာက်ေနတဲ့ ခရီးသြားလုပ္ငန္း 2020 ေႏွာင္းပိုင္းမွာျပန္တက္လာႏိုင္သလို၊ တစ္ခ်ိဳ႕ေသာျပည္ပက စက္႐ုံမ်ား ျမန္မာျပည္တြင္းကို ေျပာင္းေ႐ႊ႕လာႏိုင္လို႔ အလုပ္အကိုင္အခြင့္အလမ္းတိုးပြားလာႏိုင္ပါတယ္။
အေရးႀကီးတာက လက္ရွိအေျခအေနကိုထိန္းထားႏိုင္ဖို႔ပါပဲ။

ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႔ ျပင္ပကေကာလဟာလေတြ၊ FB Page အတုေတြက သတင္းေတြကို မယုံၾကဖို႔နဲ႔ ၊ အေကာင္းဆုံးက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ Page ( Ministry of Health and Sports, Myanmar) ကို Like လုပ္ထားၿပီး သတင္းမျပတ္တမ္း ေလ့လာေနၾကပါ။

ျမန္မာျပည္ႀကီး ကံေကာင္းပါေစ။
ေလးစားစြာျဖင့္ ခရစ္ဒက္ …… Soe Paing

ယူနီကုတ္ျဖင့္ ဖတ္ရန္

UK ရဲ့ နံမည်ကြီးသတင်းစာတစ်စောင်မှာပါလာတဲ့ကိုရိုနာဗိုင်းရပ်စ်ကင်းစင်တဲ့မြန်မာနိုင်ငံအကြောင်း
ဆက်ပြီးကံကောင်းပါစေ မြန်မာပြည်

ဆက်ပြီးကံကောင်းပါစေ မြန်မာပြည်

ဘယ်သူတွေဘာပြောပြော UK ရဲ့ နံမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ March 3 ရက်နေ့ထုတ် The Sun သတင်းစာမှာတောင် ကမ္ဘာပေါ်ကအားလပ်ရက်ခရီးသွားမယ့်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်နိုင်ငံအဖြစ် မြန်မာနိုင်ငံကိုထည့်သွင်းထားပါတယ်။

ဒီနေရာမှာတစ်ချို့သူတွေက မြန်မာအစိုးရကများ ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး သတင်းအမှောင်ချထားလား ၊ ဖုံးဖိထားသလားဆိုပြီး သံသယ ရှိနေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ သန်းငါးဆယ်ကျော် မိုဘိုင်းဆင်းမ်ကတ် သန်း ခြောက်ဆယ်ကျော် အများစုက နှစ်ကတ်ကိုင်ထားကြပါတယ်။
ရှိသမျှဆင်းမ်ကဒ်တိုင်းက အင်တာနက် ( FB) ဖွင့်ထားကြပါတယ်။ ဒီတော့ ဒီလို ရပ်ကျော် ရွာကျော်သေမယ့်သတင်းမျိုးကို ဖုံးဖိထားဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ကိစ္စပါ။

ကျွန်တော်ကတော့ ဒီကိစ္စမှာအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနကိုအကျွင်းမဲ့ ယုံကြည်ပါတယ်။ ဒါဟာဖုံးကွယ်ထားလို့ရတဲ့သတင်းမဟုတ်သလို ဖုံးဖိထားဖို့လည်းမလိုအပ်လို့ပါပဲ။

အခုအခြအနေအတိုင်းကိုသာ ဆက်ထိန်းထားနိုင်ခဲ့ရင် အဆိုးထဲကအကောင်းဖြစ်လာပါလိမ့်မယ်။ လတ်သလောကျနေတဲ့ ခရီးသွားလုပ်ငန်း 2020 နှောင်းပိုင်းမှာပြန်တက်လာနိုင်သလို၊ တစ်ချို့သောပြည်ပက စက်ရုံများ မြန်မာပြည်တွင်းကို ပြောင်းရွှေ့လာနိုင်လို့ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာနိုင်ပါတယ်။
အရေးကြီးတာက လက်ရှိအခြေအနေကိုထိန်းထားနိုင်ဖို့ပါပဲ။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ပြင်ပကကောလဟာလတွေ၊ FB Page အတုတွေက သတင်းတွေကို မယုံကြဖို့နဲ့ ၊ အကောင်းဆုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ Page ( Ministry of Health and Sports, Myanmar) ကို Like လုပ်ထားပြီး သတင်းမပြတ်တမ်း လေ့လာနေကြပါ။

မြန်မာပြည်ကြီး ကံကောင်းပါစေ။
လေးစားစွာဖြင့် ခရစ်ဒက် …… Soe Paing