ဂျာ မနီက သိပ္ပံပညာရှင်အဖွဲ့ G. Kampf el al. ရဲ့ သုသေသနအရ ကိုရိုနာဗိုင်းရပ်စ်ကို ဖြစ်စေတဲ့ SARS-CoV-2 virus ဟာ… စက္ကူပေါ်မှာ ၄ – ၅ ရက် အသက်ရှင်နိုင်ပါတယ်။ အခန်းအပူချိန်မှာ လေ့လာထားတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ငွေသားတွေပေါ်မှာ ရက်တော်တော်ကြာကြာတွယ်ငြိနေနိုင်လို့ ထိပြီးသွားရင် အသုံးပြုသူတွေအနေနဲ့ လက်ဆေးသင့်တယ်လို့ W.H.O က တနင်္လာနေ့ညပိုင်းမှာသတိပေးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က ငွေသားစက္ကူတွေကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လို့ လူတွေအနေနဲ့ ထိတွေ့ရခြင်းမရှိတဲ့ ခရက်ဒစ်ကဒ်လိုမျိုး ငွေပေးချေမှုစနစ်တွေကို အသုံးပြုသင့်တယ်လို့ သတိပေးပါတယ်။ ငွေသားတွေဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေသယ်ဆောင်နိုင်တယ်လို့ တနင်္ဂနွေနေ့ညပိုင်းမှာ အင်္ဂလန်ဗဟိုဘဏ်ကလည်း အသိပေးပြီး လက်ပုံမှန်ဆေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကတည်းက တရုတ်နဲ့ ကိုရီးယားမှာ ငွေစက္ကူတွေကို ပိုးသတ်ပြီးမှ ပြည်သူ့လက်ထဲ ပြန်ထည့်တာလုပ်ခဲ့ပါတယ်။ သူတို့က ခရမ်းလွန်ရောင်ခြည် (သို့) အပူချိန်ပြင်းပြင်းပေးပြီး ပိုးသတ်ပါတယ်။ ပြီးတော့ 14 ရက်သိမ်းထားပြီးမှ ပြည်သူတွေကို လှည့်လည် သုံးစွဲစေပါသတဲ့။

Ultraviolet နဲ့ဘယ်လိုသတ်မလဲဆိုတော့ နေရောင်ခြည်ဟာ အကောင်းဆုံး ခရမ်းလွန်ရောင်ခြည် Ultraviolet ရစေတဲ့အရာပါ။ နေရောင်ထဲမှာ မိနစ် ၃၀ ထားရင် ပိုး ၉၉% သေတယ်လို့ ဆိုပါတယ်။ အခန်းအတွင်းမှာဆိုရင် ပြင်းအား 1.5 watts (၁ မီတာပတ်လည်အတွက်) ရှိတဲ့ UV light မီးအိမ်ကို ၁ မီတာအကွာကနေ နာရီဝက်အနည်းဆုံးထား သတ်လို့ရပါတယ်တဲ့။ အကယ်၍ အခန်းအပူချိန်ဟာ 20’C ထက်နည်း (သို့) 40’C ထက်များပြီး စိုထိုင်းစ 60% ရှိနေရင် မိနစ် ၃၀ ထက်ပို ကြာကြာထားရပါမယ်တဲ့။

UV အလင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နံရံတွေ နူကလစ်အက်ဆစ်တွေကို ပျက်ဆီးအောင်လုပ်နိုင်ပါတယ်တဲ့။ ဒါကြောင့်လည်း လက်သန့်ခြင်း စတဲ့ ကိစ္စမျိုးမှာ UV အလင်းကို မသုံးရပါဘူးတဲ့။ အရေပြားကင်ဆာဖြစ်စေပါတယ်။

ကျနော်တို့မြန်မာပြည်က ငွေစက္ကူတွေဟာ ပါးစပ်နဲ့ တံတွေးဆွတ်ပြီးရေတွက်တဲ့လူတွေလည်းရှိတယ်။ နှာချေးကလော်ပြီး လက်မဆေးပဲ ပိုက်ဆံကိုင်သူတွေလည်းရှိနေပါတယ်။

Richard Myo Thant