ကို ရီးယားနိုင်ငံမှာ လူထောင်ပေါင်းများစွာဟာ ဆေးရုံတက်ရန် ခုတင်ရဖို့ စောင့်နေကြရပါတယ်။ မနေ့က ကိုရီးယား ဒေဂူးမြို့မှာ လူပေါင်း ၂၃၀၀ ဟာ ဆေးရုံကုတင်မရလို့ ယာယီနေရာမှာ ကုသနေရပါတယ်။

ဥရောပနိုင်ငံတွေမှာလည်း လူနာအသစ်တွေ့နှုန်း ခုန်တက်နေပါတယ်။ ဆက်ပြီး ရာနဲ့ချီ တွေ့မယ့် သဘောမှာရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ဟာ ကမ္ဘာ့နိုင်ငံ ၈၄ နိုင်ငံအထိ ကူးစက်သွားပါပြီ။ အခြေအနေအဆိုးဆုံးဖြစ်ပြီး မနိုင်မနင်းဖြစ်နေတဲ့ (၃) နိုင်ငံက.. တောင်ကိုရီးယား ၅၇၆၆ ယောက်၊ အီတလီ ၃၀၈၉ ယောက်၊ အီရန် ၂၉၂၂ ယောက် ဖြစ်ပါတယ်။

ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ ၉၅၃၃၄ ယောက်၊ သေသူ ၃၂၈၅ ယောက်။ ပြန်ကောင်းသူ ၅၃၆၄၁ ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် ၁၇ ယောက်က အသည်းအသန်ဖြစ်ပါတယ်။ ပိတ်လိုက်တဲ့ case ၅၆၉၂၆ မှာ ၅၃၆၄၁ ပြန်ကောင်းပြီး ၃၂၈၅ ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက ၆ ရာခိုင်းနှုန်း ရှိပါတယ်။

တရုတ်နိုင်ငံစာရင်းကတော့ ရောဂါကူးစက်သူ ၈ဝ၄ဝ၇၊ – သေဆုံးသူ – ၃ဝ၁၂ ဦး (ဟူပေပြည်နယ်တွင် ၂၉ဝ၂ ဦး) – ပြန်လည်ကောင်းမွန်လာသူ ၅၁၁၉၃ ဦး ဖြစ်ပါတယ်။

တရုတ်နိုင်ငံပြင်ပ သေဆုံးစာရင်းကတော့ အီတလီ ၁ဝ၇၊ – အီရန် ၉၂၊ – တောင်ကိုရီးယား ၃၅၊ – အမေရိကန်ပြည်ထောင်စု ၁၁၊ – ဂျပန် ၆၊ – ပြင်သစ် ၄၊ – ဟောင်ကောင် ၂၊ – အီရတ် ၂၊ – ဩစတြေးလျ ၂၊ – စပိန် ၂၊ – ထိုင်ဝမ် ၁၊ – ဖိလစ်ပိုင် ၁၊ – ထိုင်း ၁၊ – ဆန်မာရီနို (ဥရောပ) ၁၊ – Diamond Princess အပျော်စီးသင်္ဘော ၆ တို့ဖြစ်ပါတယ်။

Ref – Richard Myo Thant