နိုင် ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျသရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖွေးဖွေးက အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် နာမည်မကျနဲ့ အောင်မြင်မှုတွေ တစ်နေ့တစ်ခြား တိုးပွားလာတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတ

ဖွေးဖွေးက ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ ပွင့်သိင်္ဂိဇော် ရိုက်ကူးပုံဖော်တဲ့ “ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ ယွန်းဝတီလွင်မိုး တို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။“ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးချိန်မှာတော့ ဖွေးဖွေးက သူမရဲ့ မိခင်နဲ့ဖခင်ကို သူမရတဲ့ အနုပညာကြေးတွေစုပြီး ငွေထုတ်တစ်ထုတ်စီနဲ့ ကန်တော့ခဲ့တာကို ပီတိဖြစ်စွာနဲ့ တွေ့မြင်ရပါတယ်။

မိဘကို သိတတ်လိမ္မာတဲ့ မင်းသမီးလေး ဖွေးဖွေးကတော့ ဒီထက်မက အောင်မြင်ဦးမှာ သေချာပါတယ်။ ဖွေးဖွေးတစ်ယောက် ဒီနှစ်မှာလည်း လေးဆုမြောက်အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Phway Phway Fan Group