အေးမြဖြူလေး ဟာ Myanmar Idol Season 4 မှ ပရိသတ်တွေအားပေးမှုကိုအပြည့်ဝရထားတဲ့ အဆိုတော်လေးတစ်ယောက်ဖြစ်သလိုပရိသတ်တွေအနေနဲ့လည်း We Love Aye Mya Phyu ဆိုတဲ့ Group လေးမှာအခိုင်အမာဝန်းရံပေးနေကြတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အနုပညာအလုပ်တွေကို ဆက်လက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်

ယခုအခါ We Love Group မှသူ့ရဲ့အမာခံပရိသတ်တွေထဲက ပရိသတ်တစ်ဦးရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားတာ သိသိချင်းမှာပဲ ငွေကျပ် ၁ သိန်း လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီပို့စ်ကိုတင်ရခြင်းက ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး။ခုလိုအခက်ခဲ အကျပ်တည်းတွေကြားက မိုးသိုကို ချစ်ပြီးအားပေးနေတာသိလိုက်ရတဲ့တွက် ပြောမပြတတ်အောင် လေးစားမိသလို စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ဆုံးပြီဆိုတဲ့သတင်းကြားကြားချင်းမှာပဲ မိုးသိုကို ပြောပြလိုက်တော့ အဲ့ဒီအမ အမေနာရေးအတွက် လိုအပ်တာသုံးဖို့ အေးမြဖြူလေးက(100000)တစ်သိန်းလွှဲခိုင်းပါတယ်။ အန်တီကောင်းရာမွန်ရာ ရောက်ပါစေ လို့ We Love ဂရုထဲမှာရေးသားထားတာဖြစ်ပါတယ်

Credit-CeleFamily