ကပ် သုံးပါး သနားတယ်

ဝူ ဟန်ရောဂါပိုးမွှားဟာ တကမ္ဘာလုံကို ခြိမ်းခြောက်နေပြီ အာရှနိုင်ငံတွေအပြင် ဥရောပပါမကျန် ထိမ်းချုပ်ရခက်နေပြီ တရုတ်တွေ အများဆုံးဝင်ထွက်နေတဲ့ မြန်မာနိုင်ငံမှာ ဘာ့ကြောင့် ခုထိ ဘာမှမဖြစ်သေးတာလဲ…

တကယ်တော့မြန်မာနိုင်ငံလည်း တော်တော်ခံရဖို့ ရှိတယ် တရုတ်တွေ တံခါးမရှိ ဓားမရှိ ဝင်ထွက်နေပေမဲ့ ဘာမှမဖြစ်သလိုပဲ နေထိုင်နေကြတယ် ပြည်သူတွေလည်း ကြောက်လန့် ခြင်းမရှိသလိုပဲ နေထိုင်နေကြတယ်…

ဗုဒ္ဓဘာသာရဲ့ တန်ခိုးလို့ ပြောရင် ဘယ်သူမှ ယုံန်ူင်မယ်မထင်ဘူး မြန်မာနိုင်ငံကို ဝင်ရောက်မဲ့ အကြီးဆုံးမုန်တိုင်းကြီးဟာ အိန္ဒိယဘက်ကို ဝင်ရောက်သွားဘူးတယ် …

အဲဒီကိစ္စ ကို တောင်တန်းသာသနာပြု ဆရာတော်ကြီးက မှတ်ချက်ပေးခဲ့ဘူးတယ်… မြန်မာနိုင်ငံဆိုတာ ရဟန္တာတပါးရဲ့လက်တဝါးစာတောင် မရှိပါဘူးတဲ့ …ငါးပါးသီလ တို့ပရိတ်ပဌာန်း တို့ ဝိပဿနာတို့ ဆိုတာ မုန်တိုင်းကွင်းစက်တဲ့…

တကယ်တော့ တရုတ်ပြီးရင် ဒုတိယ အများဆုံးရောဂါပိုးကူးစက်နိုင်ရအောင်ကို ဖြစ်နိုင်ပါတယ်… ကာကွယ်စောက့်ရှောက်မူ့  မပြည့်စုံဘူး တရုတ်တွေကို မပိတ်ပင်ဘူး … ဒါဟာ ရောဂါဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်သင့်တဲ့ အခြေအနေပါပဲ….

မြန်မာပြည်သူတွေ ကိုယ်တိုင်ကိုက အကြောက်အလန့်ကင်းနေကြတာဟာ ဓမ္မအပေါ်ထားတဲ့ ယုံကြည်ချက်ကြောင့်ပါပဲ…. ကပ်ဘေးဆိုတာ ကံတွေကြောင့်ဖြစ်တဲ့အတွက် ကာကွယ်ဖို့မလွယ်ဘူး ….

ဒါပေမဲ့ ဝေသာလီမှာဖြစ်ခဲ့ဘူးတဲ့ ကပ်ဘေးတွေကို ဘုရားရှင်ဦးဆောင်ပြီး ဓမ္မနဲ့ ကျော်ဖြတ်ဘူးသလို…. သီဟိုဠ်မှာဖြစ်ခဲ့ဘူးတဲ့ကပ်ဘေးလညိး ရဟန္တာကြတွေက ဓမ္မနဲ့ပဲ ဖြတ်ကျော်ခဲ့တာပါ…

လယ်တီဆရာတော်ဘုရားကြီးတို့ ဝေဘူဆရာတော်ဘုရားကြီးတို့ လက်ထက်အချိန်ကလည်း ကပ်ဘေးဖြစ်လို့ ဆရာတော်ကြီးတွေဟာ ဓမ္မနဲ့ ပဲကယ်တင်ခဲ့တာပါ… အီတလီနဲ့ အီသီယိုးပီးယားစစ်ဖြစ်တော့

မိုးညှင်းဆရာတော်ဘုရားကြီးက မြေပုံကို လက်နဲ့ ထောက်ပြီးမေတ္တာပို့တာ ငါးရက်အတွင်း စစ်ပြေငြိမ်းသတဲ့… ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေ များပြားနေခြင်း ကွန်ုမြူနစ်လို ဘာသာမဲ့တွေ များပြားလာခြင်းကြောင့်

ဗုဒ္ဓဘာသာကို မယုံကြည်ကြပေမဲ့ သီလ သမာဓိ ပညာ ရဲ့ အစွမ်းဟာ ကမ္ဘာလောကဓါတ်ကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တယ်ဆိုတာ သဘာဝဓမ္မပါပဲ… သီလ သမာဓိ နဲ့ ပြည့်စုံတဲ့ ရသေ့တပါးကို စော်ကားကြလို့ တတိုင်းပြည်လုံး ပျက်စီးဘူးပါတယ်…

ဒါဆို သီလ သမာဓိပညာပြည့်စုံတဲ့ မြန်မာပြည်က ရဟန်းသံဃာတော်တွေရဲ့ မေတ္တာစွမ်းအားနဲ့  ဓမ္မစွမ်းပကားတွေဟာ မြန်မာပြည်လောက်ကို ကပ်ဘေးက ကယ်တင်နိုင်တယ်ဆိုတာ မယုံကြည်လို့ ရပါ့မလား…

မြန်မာပြည်မှာ နေ့ စဉ် နေ့စဉ် ရဟန်းသံဃာတော်တွေရဲ့ မေတ္တာပို့ လွှတ်မူ့တွေ ပရိတ် ပဌာန်း ရတနာ့သုတ် ရွတ်ဆိုမူ့တွေ သရဏဂုံ ငါးပါးသီလ ရဲ့စွမ်းပကားတွေဟာ ကပ်ဘေးကနေ ကယ်တင်နေတာဆိုတာ ဗုဒ္ဓဘာသာဝင်တွေ နားလည်လောက်ပါတယ်…

မြန်မာပြည်က ပြည်သူတွေလောက် မပြောနဲ့  ကမ္ဘာကြီးပေါ်က လူသားတွေရဲ့ဘေးဆိုးတွေကိုပါ သီလ သမာဓိ ပညာက ကယ်တင်နိုင်စွမ်းရှိပါတယ်… တခုပဲရှိတယ် ကယ်တင်ခံလို့ မရနိုင်လောက်တော့တဲ့ အကုသိုလ် ကံတွေကိုတော့ မကျူးလွန်ထားကြနဲ့ပေါ့…

မြန်မာပြည်မှာ ရတနာသုံးပါးကို စော်ကားလာတဲ့သူတွေပိုပို များများလို့  ပြောရတာပါ…သီလ သမာဓိ ပညာကြောင့် ကမ္ဘာကြီးမြေတုန်လှုပ်တာတွေ အချိန်မဟုတ် မိုးရွာတာတွေ အချိန်မဟုတ် ပန်းပွင်တာတွေ ဗုဒ္ဓဘာသာမှာ အများကြီးရှိပါတယ်…

အိန္ဒိယ သာသနာထွန်းကားစဉ်က သဘာဝဘေးအန္တရယ်ကြီးကြီးမားမားတွေ မဖြစ်ခဲ့ဘူး…သာသနာကွယ်တော့ ခံရတော့တာပဲ…သိဟိုဠ်လည်း အဲဒီလိုပဲ

အခု မြန်မာပြည်လည် သဘာဝဘေးအန္တရယ်တွေက ကာကွယ်သာသနာတော်ရဲ့အစွမ်းတွေပဲ….မယုံရင် စောင့်ကြည့်ကြ… နောက်နောင် ဗုဒ္ဓဘာသာထွန်းကားဖို့ အတွက် လူသားတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကမ္ဘာပေါ်မှာ အများကြီးပေါ်လိမ့်ဦးမယ် …

လူသားတွေရဲ့ ဦးနှောက်နဲ့ မတွေးနိုင်တဲ့ အကြောင်းတွေ ကမ္ဘာ့နေရာအနှုံအပြားမှာ အများကြီး ဖြစ်လာလိမ့်မယ်… အဲဒီပြဿနာတွေဟာ နောင်တချိန်မှာ ဗုဒ္ဓဘာသာ ထွန်းကားဖို့  အကြောင်းတရား တခု ဖြစ်လာလိမ့်မယ်…

Share ခြင်းဖြင့်ဖြန့်ဝေပါ….. ဦးမြင့်ခိုင်