လက် ရှိဖေ့ဘုတ်တခွင်မှာတော့ ရေပန်းစား ပျံ့နှံ့နေတဲ့ သတင်းတရပ်ကတော့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း စန်းစန်းမော် တယောက် သုဝဏ္ဏကွင်းဘေးမှာ အကြော်ကြော်ရောင်းနေတဲ့ အဖြစ်အပျက်လေး ဖြစ်ပါတယ်။ မြန်မာ့ အမျိုးသမီး လက်ရွေးစင်ဟောင်း တယောက်ဖြစ်တဲ့ စန်းစန်းမော်ကတော့ ဒီလိုမျိုးရင်ဆိုင်နေရတာကို ပြည်သူတွေအပါအဝင် တော်တော်များများက စိတ်မကောင်းဖြစ်နေကြတာပါ။

ဒီ ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ကြီး အဆိုတော် ဆောင်းဦးလှိုင်ကတော့ သူ့အနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး ခံစားချက်တွေကို ရင်ဖွင့်လာတာ ဖြစ်ပါတယ်။ စန်းစန်းမော် ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်းဦးလှိုင်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ” ရင်ကွဲပက်လက် သူဟာနိုင်ငံ့ဂုဏ်ဆောင်ပါ သူဟာလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းပါ ရှင်းရှင်းပြောမယ်ဗျာ သူဟာအာဏာရှင်ကြီးများနဲ့ သူတို့ဆွေတော်မျိုးတော်တွေထက် ခရိုနီတွေနဲ့သူတို့ဆွေမျိုး တပည့်တပန်းတွေထက် အများကြီးသာပါတယ် တိုင်းပြည်အတွက်အများကြီးပိုအကျိုးပြုခဲ့သူပါ။

ကျွန်တော်တို့ အများအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အကျိုးပြု သီချင်းတွေရေးခဲ့ ဖူးတယ်။ ဒီသမိုင်းတွေကြောင့်စကားကို ရဲရဲပြောမယ်ဗျာ မသူတော်တွေ ကျိကျိတက်ချမ်းသာတဲ့ တိုင်းပြည် လူတော်လူကောင်းတွေ ဆင်းရဲရတဲ့တိုင်းပြည် အဖြစ်က အမြန်ဆုံးလွတ်အောင် ရုန်းကြပါစို့ ညီမငယ် စမ်းစမ်းမော်ရေ တခါက သုဝဏကွင်း စတိတ်ရှိုးတစ်ခုမှာ ညီမ အပါအဝင်လက်ရွေးစင်တချို့ပွဲကြည့် ချင်လို့ဝင်ခွင့်ရအောင် အကိုကူညီခဲ့တာလေး သတိရမိတယ်။ စိတ်ဓါတ်မကျပါနဲ့။ သမာအာဇီဝနဲ့ ဘဝခရီးဆက်ဖို့ကြိုးစားသူမို့ လူတွေပိုတောင်လေးစားကြရဦးမှာ ရင်ကွဲပက်လက်ဖြင့် ဆောင်းဦးလှိုင်” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ဆောင်းဦးလှိုင်ကတော့ နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး ဂုဏ်ဆောင်နိုင်အောင် လုပ်ပေးခဲ့တဲ့ လက်ရွေးစင် တယောက် ဒီလိုမျိုး ကြုံနေရတာကို ရင်ကွဲပက်လက် ခံစားရတဲ့ အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လက်ရွေးစင် တယောက် ဒီလိုရင်ဆိုင်နေရတာကို ဘာပြောချင်လဲဗျ။

Credit ပြောချင်လွန်းလို့