ပရိ သတ် အားပေးမှုကိုအခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ အနုပညာလောကမှာအောင်မြင်မှုရရှိနေတဲ့ သူတစ်ယောက်ပါ။ စမိုင်းလ်ကတော့ အရမ်းချစ်ပြီးရိုတတ်တဲ့ ခင်ပွန်းနဲ့အတူချစ်စရာသမီးလေးတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီး အလှူအတန်းအရမ်းပြုလုပ်တတ်တဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုလေးက သစ်တံခါးဆရာတော်ဘုရာကြီးရဲ့ မေတ္တာဓာတ်ကိုခံယူပြီး ဘာသာတရားတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

မကြာေ သးခင်ကလည်း သူမတို့မိသားစုနဲ့အတူ သူမရဲ့ချစ်ရတဲ့ပရိသတ်(၁၅၀၀)ကိုလည်း ရွှေတိဂုံ၊ကျိုက်ထီးရိုဘုရားများကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။စမိုင်းလ်ကတော့ အလှူအတန်းတွေမကြာခဏပြုလုပ်လေ့ရှိသလို သူမရဲ့ခံစားချက်တွေကိုလည်း ပရိသတ်တွေကို ရိုးသားပွင့်လင်းစွာ ရင်ဖွင့်ပြောပြလေ့ရှိပါတယ်။

လက်ရှိမှာလည်း”ပိုက်ဆံဆင်းရဲတာကမျှော်လင့်ချက်ရှိတယ်…စိတ်ဓါတ်ဆင်းရဲရင်မျှော်လင့်ချက်မရှိတော့ဘူး….စိတ်ဓါတ်အောက်တန်းကျရင်ဘဝမလှတော့ဘူး…အပေါ်ယံလုပ်ပြပြီးအတွင်းစိတ်ပုတ်နေရင်အလကားပဲ …ဆင်ခြင်နိုင်ကြပါစေ”ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးစား ရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။

Source:စမိုင်းလ် Smile
Credit