ပြီး ခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကနေ ဇန်နဝါရီ ၁ ရက်နေ့ထိ တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၉၀ ကျော်က ပြိုင်ပွဲဝင်တွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်….ဒီပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံက အိမ်ထောင်ရှင်အလှမယ်ဖြစ်တဲ့ ဟန်နီချိုက Winner ဆုကြီးကို ဆွတ်ခူးပြီး မြန်မာ့ဂုဏ်ကို ဆောင်ခဲ့ပါတယ်…

ဒီပြိုင်ပွဲကြီးဟာ ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော်က အိမ်ထောင်ရှင်ဇနီးသည်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး မြန်မာကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် ဟန်နီချိုက Mrs Universe 2019 Winner ဆုကြီးကို ဆွတ်ခူးခဲ့တာပါ…ဒါ့အပြင် ဟန်နီချိုဟာ Mrs Talent Winner ဆု၊ Mrs Personality Winner ဆု၊ Four Beauty Season Sponsored awards Winner စတဲ့ ဆုကြီး (၄)ဆုကိုပါ ဆွတ်ခူးခဲ့ပြီး မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တာပါ….

ခုလို ကမ္ဘာ့အလယ်မှာ မြန်မာအမျိုးသမီးတွေဟာ အိမ်ထောင်ရှင်ဖြစ်ပေမဲ့ အရည်အချင်းရှိတယ်ဆိုတာကို ပြသနိုင်ခဲ့တဲ့ ဟန်နီချိုအတွက် ပရိသတ်တွေကလည်း ဂုဏ်ယူနေကြပါတယ်…ဟန်နီချိုဟာ ကလေး ၃ ယောက်မိခင် အသက် ၃၇ ခုနှစ်ရှိပြီ ဖြစ်ပေမဲ့ သူမရဲ့ အရည်အချင်းတွေကို ကမ္ဘာသိအောင်ပြပြီး မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တာပါ….ဒီသတင်းလေးဖတ်ပြီး ပရိသတ်ကြီးတို့လည်း မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ အလှမယ် ဟန်နီချိုကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်…

Credit Jeeptoolay
Source Honey Cho