တ ရုတ်နိုင်ငံ ဝူဟန်ဗဟိုဆေးရုံက ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး ပထမဆုံးသတင်းပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာလီ (Li Wenliang) နဲ့အတူ အလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် ဒေါက်တာမိုင် (Mei Zhongming) ဟာ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အ သက် ၃၃ နှစ်အရွယ် ဒေါက်တာလီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၀ ရက်က လူမှုကွန်ရက်မီဒီယာပေါ်မှာ SARS at a Wuhan Seafood Market ဆိုပြီး သတိပေးခဲ့ပေမယ့် အာဏာပိုင်တွေက ဒေါက်တာလီကို သတင်းမှားဖြန့်ဝေမှု၊ တုန်လှုပ်ခြောက်ခြားအောင်လုပ်ဆောင်မှုတွေနဲ့ စွပ်စွဲခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး သတိပေးခံခဲ့ရပါတယ်။ လုပ်ငန်းခွင်ထဲပြန်ရောက်ချိန်မှာတော့ ရောဂါပိုးကူးစက်ခံရမှုကြောင့် ဖေဖော်ဝါရီလ ၇ ရက်မှာ သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ငါးနှစ်အရွယ် သားလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒေါက်တာလီရဲ့သေဆုံးမှုကြောင့် လူထုက တရုတ်အာဏာပိုင်တွေကို သတင်းအမှောင်ချဖို့ကြိုးပမ်းမှု၊ ဒေါက်တာလီရဲ့ရောဂါပိုးမပြန့်ပွားအောင်လုပ်ဆောင်မှုတွေကိုဟန့်တားမှုနဲ့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒေါက်တာလီ (Li Wenliang) နဲ့ ဒေါက်တာမိုင် (Mei Zhongming) တို့ဟာ ဝူဟန်ဗဟိုဆေးရုံရဲ့မျက်စိအထူးကုဌာနမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ဒေါက်တာမိုင် ရောဂါပိုးကူးစက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Credit-Blacker