၂၀၂၀)နှစ် သစ်ကတော့ မိုးယုစံအတွက် ကံကောင်းခြင်းတွေဆက်နေတဲ့နှစ်လို့ဆိုရမှာပါ။နှစ်စမှာပဲ AFA Group AYA ကပြုလုပ်တဲ့ Happy New Year Count Down Party 2020 မှာ ဒေါ်လာ(၅၀၀၀)မဲပေါက်ခဲ့ပါတယ်။အခုမတ်လအတွက်ဖွင့်လှစ်ပေးခဲ့တဲ့ အောင်ဘာလေသိန်းထီမှာလည်း ထီပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးယုစံကတော့ “ တစ်ခါမှမပေါက်ဖူးဘူး… (၂၀၂၀)နှစ်စမှာ တစ်ခါပေါက်တယ်…ဒီလ ထီပေါက်တယ်…နည်းတော့နည်းတယ်…ဒါပေမယ့် ပေါက်တာ ပေါက်တာပါပဲ” ဆိုပြီးတော့ သူထီပေါက်ခဲ့တဲ့အကြောင်းကို ချစ်ရတဲ့ပရိသတ်တွေ ဝမ်းသာကြည်နူးရအောင်မျှဝေပေးခဲ့တာဖြစ်ပါတယ်။မိုးယုစံကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လျှော့ကာမိသားစုကိုပဲ အချိန်ပေးနေသူတစ်ယောက်ပါ။အစစအရာအရာ လိုလေးသေးမရှိဖြည့်ဆည်းပေးတတ်တဲ့ချစ်ခင်ပွန်းနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့သားလေး Austin ကိုပိုင်ဆိုင်ထားတာကြောင့် ပျော်ရွှင်ဖွယ်ဘဝလေးကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။လတ်တလောမှာတော့ ပွဲအခမ်းအနားတချို့ကိုသာ အချိန်ပေးတက်ရောက်နေသူဖြစ်ပြီး အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်လာတဲ့မောင်လေးကို လက်တွဲခေါ်နေတာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရရှိထားတဲ့မိုးယုစံကတော့ မကြာခဏဆိုသလို ပရိသတ်တွေအတွက် ချစ်စဖွယ်မိသားစုပုံလေးတွေနဲ့ သူ့ရဲ့တစ်နေ့တာလေးတွေကိုလည်း မျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။ဒီနေ့မှာတော့ (၂၀၂၀)နှစ်သစ်မှာ ထပ်မံကံကောင်းခဲ့ကြောင်း မျှဝေခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း မေမေမိုးယုစံအတွက် ဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Moe Yu San
Rainbow- Cele Gabar