လော ကမှာ စိတ်စေတနာကောင်းနဲ့ ကူညီတတ်သူတွေအများကြီးပါ…အောက်ကဖြစ်ရပ်လေးကို ဖတ်ကြည့်ရင် ပရိသတ်ကြီးတို့လည်း ချီးကျူးမိကြလိမ့်မယ်ထင်ပါတယ်…ဖြစ်စဉ်ကတော့… “ထ ဖားကန့် အဌမတန်း စာဖြေခန်း အခန်းနံပါတ် ၂ မှာ လူစစ်ကြည့်တော့ ၁ ယောက်လို။… ဗလခမှော် မှာနေသည့် ကျောင်းသူလေး မသန်းရွှေ။ဆရာမတွေ အလုပ်ရှုပ်ကုန်ပြီ။ ဖုန်းခေါ်လို့လည်းမရ။..မှော်ထဲကိုဆိုယ်ကယ်ဖြင့်လွှတ်ပြီးသွားခေါ်ဖို့ပြင်ကြသည်။

နောက်တော့ “ကွန်း”ဖောင်ဒေးရှင်း ပရဟိတလူငယ်အဖွဲ့မှ ကိုကျော်မိုးဆွေကို လှမ်းအကူအညီတောင်းလိုက်သည်….ချက်ချင်းရောက်လာပါသည်။အတန်းပိုင်ဆရာမ ဒေါ်ဆနာပရီဂျားနှင့်အတူ ကားဖြင့် သွားကြသည်။ ဗလခ နတ်ကြီးစင်ရှိ နေအိမ်မှာ သော့ပိတ်ထားတာကိုတွေ့ရသည်။မြေစာပုံမှာ ဈေးရောင်းနေသည့်အမေနှင့်အတူလိုက်သွားသည်ဟု အိမ်နီးချင်းမှ ပြောပြပြီး သူကပင် လမ်းပြအဖြစ် မြေစာပုံသို့ လိုက်ပို့ပေးသည် ဒီမနက်ခင်း မိုးရွာထားလို့ လမ်းမှာ ရွှံ့တွေနှင့် ချော်နေ၏..ဟိုရောက်တော့ တွေ့ပါပြီ….

ငိုထားသည့်မျက်နှာ ဆံပင်ဖရိုဖရဲနှင့် ကျောင်းသူလေး မသန်းရွှေ။ လက်ထဲမှာတော့ပေတံတစ်ချောင်း ဘောပင် ခဲတံတို့ကို ဆုပ်ကိုင်ထား၏။

လမ်းကအရမ်းဆိုးနေတော့ သူမ ဆိုင်ကယ်မမောင်းရဲလို့ နောက်ကျနေတာ။သူမ အမေကတော့ ကလေးကိုကူညီလိုက်ပို့ပေးမည့်သူကို ပတ်ဝန်းကျင်မှာ လိုက်ရှာနေတုန်း ။ သူ့ဆရာမကိုမြင်လိုက်တာနှင့် သူမမျက်လုံးလေးတွေ အရောင်ဝင်းလက်သွားသည်။အတန်းပိုင်ဆရာမက ဘာမှပြောမနေပဲ ကလေးမကို အမြန်ခေါ်တင်ပြီး ကျောင်းအုပ်ဆရာကြီးထံ ဖုန်းဆက်အကြောင်းကြားလိုက်သည်။

မြို့နယ်နှင့်ပြည်နယ် ပညာရေးမှူးရုံးတို့မှလည်းပျက်ကွက်စာရင်း ချုပ်ရမှာမို့ ဆရာကြီးဆီ ဖုန်းခဏခဏဆက်ပြီး သတင်းမေးနေသည်။အချိန်မီတွေ့ပြီဆိုတော့မှ အားလုံး သက်ပြင်းချနိုင်ကြသည်။ အချိန်နောက်ကျပြီးမှ ဖြေဆိုရသော်လည်း ကျောင်းတက်မှန်ပြီး စာကြိုးစားသော ကျောင်းသူလေးအတွက် သင်္ချာပုစ်ဆာများကို အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့သည်။ ကိုကျော်မိုးဆွေမှာ ကားမောင်းကျွမ်းကျင်သလိုမှော်နယ်မြေ၏ ရှုပ်ထွေးသောလမ်းများကို လူနာသယ်ပို့သွားနေကျမို့အချိန်မီလိုက်ရှာပေး၍ ဖြေဆိုနိုင်ခဲ့ခြင်းပင်။

အကယ်၍သာ အချိန်မီမရောက်ခဲ့ပါက..နောက်ထပ်တစ်နှစ်လုံး ပြန်တက်ရမည့်အရေး တွေးပြီးဆရာမတို့အားလုံးက ကျေးဇူးအများကြီးတင်ပါတယ် ကျော်မိုးဆွေရေ….” ဒီဖြစ်ရပ်လေးထဲက ဝိုင်းဝန်းကူညီခဲ့ကြတဲ့ စေတနာမေတ္တာစိတ်ရှိသူတွေလို လူမျိုးတွေ လောကမှာ အများကြီးလိုအပ်ပါတယ်…သူတို့ကိုလည်း ချီးကျူးစကားလေး ဆိုခဲ့ပါအုံးနော်…

Writer ; Kwee (Jeeptoolay)

Source ; Thi Thi Naing