အေးချမ်း တဲ့ အလှပုံရိပ်လေးတွေနဲ့ မအေးသောင်းလေးဆိုပြီး အမျိုးသားပရိသတ်တွေကြား တဖန်ရေပန်းစားအောင်မြင်လာခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ထပ်မံသိမ်းပိုက်ရရှိတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်နော်..။ အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေတဲ့

မေ အးသောင်းကတော့ သူမမှာ ချစ်သူရှိတဲ့အကြောင်းလေးကို ပရိသတ်တွေကို အသိပေးပြောပြထားသလို အခုတစ်ခါမှာလည်း သူမအနေနဲ့ ချစ်သူအဖြစ် ရွေးချယ်လိုက်ကတည်းက လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာဖြစ်တဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်..။ အချစ်တော်လေးကတော့ ရည်းစားထားတယ်ဆိုရင်

တကယ်ယူမယ့်လူ တကယ်ချစ်ရတဲ့လူကိုပဲ ကိုယ့်ချစ်သူအဖြစ် ရွေးချယ်တာများပြီး ချစ်သူဖြစ်ပြီဆိုကတည်းက သေချာပေါက်တော့ ရည်ရွယ်ထားတဲ့ အမျိုးသားပဲ ဖြစ်ပြီး ပြတ်သွားတာတွေကတော့ ကံပေါ်မူတည်တာပေါ့ ဆိုပြီး အချစ်ရေးလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။ အချစ်တော် မအေးသောင်းလေးဟာ

လတ်တလောမှာတော့ စိတ်ချမ်းသာအောင်ထားတဲ့လူတွေများလို့ အသည်းကွဲစရာလည်းမရှိသလို စိတ်ညစ်စရာလည်း မရှိတာမို့ အရင်တုန်းက ရေးဖြစ်တဲ့ကဗျာတွေက သိပ်ပြီး ထွက်မလာတော့ဘူးဆိုပြီးတော့လည်း ပြောပြထားပါတယ်နော်..။ “အသည်းမကွဲရတော့ ပျင်းတယ်ဆိုတော့

စိတ်ချမ်းသာလို့ပေါ့နော် အစ်မကတော့ နည်းနည်း အသည်းနုတယ်လို့ ပြောရမယ် နည်းနည်းဖုန်းမဆက်လိုက်တာနဲ့ ဝမ်းနည်းတတ်တယ်ဆိုတော့ အဲ့လိုလုပ်ရင်တော့ ချက်ချင်းအလွမ်းကဗျာတွေ ထွက်လာမှာပေါ့ ..” ဆိုပြီးတော့လည်း

ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။ရိုးရိုးအေးအေးပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေး မအေးသောင်းပြောပြထားတဲ့ သူမရဲ့အချစ်ရေးအကြောင်း ကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။