မြန် မာအိုင်ဒေါပြိုင်ပွဲကြီးရဲက Winner တစ်ဦးဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အက်စတာတစ်ယောက် ဖားကန့်မြို့မှာ ကျင်းပတဲ့ ဖျော်ဖြေတစ်ခုမှာ ဖျော်ဖြေနေချိန် လေကြမ်းများ ပြင်ထန်စွာတိုက်ခက်လာပြီး မိုးပါရွာသွန်းလိုက်တာကြောင့် ထိုဖျော်ဖြေပွဲကို ရပ်နားကာ လုံးဝပွဲပျက်သွားခဲ့ပါတယ်။

ထိုဖျော်ဖြေပွဲကြီးမှာတော့ Myanmar Idol Season(4) ပြိုင်ပွဲကြီးမှာ ချင်းတိုင်းရင်းသာ တွေဖြစ်ပြီး ပရိသတ်အချစ်တော်ဖြစ်ကြတဲ့ ဘင်ဂျမင်ဆုမ်းနဲ့အက်စတာတို့က နိုင်ငံကျော်အဆိုတော်များစွာနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။

Myanmar Idol Season(4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင်ဖြစ်ပြီး ပရိသတ်တွေရဲ့အကည်းကျော် အက်စတာဒေါ့သ်ချင်းဆုန် သီချင်း(၂)ပုဒ် သီဆိုဖျော်ဖြေအပြီးမှာတော့ လေကြမ်းတွေပြင်းထန်စွာ တိုက်ခိုက်လာပြီး နောက်ဆုံးတစ်ပုဒ်အနေနဲ့ သူ့ရဲ့ပြိုင်ပွဲသီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ လေဒီဂါဂါရဲ့ Shallow သီချင်းကို စတင်သီဆိုချိန်မှာပဲ မိုးတွေရွာသွန်းလာတာဖြစ်ပါတယ်။

ဘင်ဂျမင်းဆုမ်းဟာ စင်ပေါ်မှာ လေတွေမိုးတွေကြားက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေနေတဲ့ အက်စတာ ဆီတတ်လာခဲ့ပြီး ပရိသတ်တွေကို တောင်ပန်းပြီး ပွဲရပ်နားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဖားကန့်မြို့မှာ ကျင်းပတဲ့ ဖျော်ဖြေတစ်ခုမှာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner တစ်ဦးဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အက်စတာတစ်ယောက် ဖျော်ဖြေနေချိန်မှာပဲ လေးကြမ်းများ ပြင်းထန်စွာတိုက်ခက်လာပြီး မိုးတွေပါရွာချလိုက်တာတဲ့နော်။ ရာသီတုအခြေအနေကြောင့် ဒီဖျော်ဖြေပွဲကြီးကတော့ ပျက်သွားခဲ့ပါတယ်။Source: We Love Esther Dawt Chin Sone